ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ ကိုယ်တိုင်ကလည်း ချစ်စရာကောင်းသလို အသည်းယားလောက်အောင် ချစ်ဖို့ကောင်းတဲ့ အမွှာသမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ အားပေးဝန်းရံကြတဲ့ ပရိသတ်တွေနဲ့ အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေသလို ချစ်ခင်ပွန်းအပြင် အမွှာသမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေအားကျချစ်ခင်ရသူလေးဆိုလည်း မမှားပါဘူးနော်..။

Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page
Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page
Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သမီးလေတွေနာမည်နဲ့လည်း ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး လှူဒါန်းမှုတွေကို စနစ်တကျပြုလုပ်လှူဒါန်းနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ကြမှာပါနော်..။

အခုတစ်ခါမှာလည်း ချစ်သုဝေကတော့ သူမတို့ခေတ်သစ်ဖောင်ဒေးရှင်ကနေ သက်ကြီးနွမ်းပါးသူများ၊ အိမ်ခြေရာမဲ့များနဲ့ အခြေခံလူတန်းစားတွေအတွက် စားနပ်ကိရိက္ခာတွေနဲ့ လိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျလိုက်လံပေးဝေလှူဒါန်းနေပါတယ်နော်..။

Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page
Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page
Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page

"သက်ကြီးနွမ်းပါးသူများ၊ အိမ်ခြေရာမဲ့များ နှင့် အခြေခံလူတန်းစားများအား စာနာထောက်ထားသောအားဖြင့် မျှဝေကူညီခဲ့ပါတယ်.." ဆိုပြီး လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Covid-19 ကပ်ရောဂါဆိုးကြောင့် ဝမ်းရေးအတွက် ခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ပြည်သူပရိသတ်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ ချစ်သုဝေတို့ရဲ့ ပီတိဖြစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကြည်နူးသာဓုခေါ်စွာနဲ့ သဘောကျနေကြမှာပါနော်..။

Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page
Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page

Source & Photo Credit - ခေတ်သစ်ဖောင်ဒေးရှင်း FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။