Screenshoot of Team Aster Twitter

Team Aster အနေနဲ့ ပြီးခဲ့တဲ့နာရီပိုင်းလောက်မှာတော့ twitter အကောင့်ကနေ ကြေညာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

Team Aster ကြေညာခဲ့တာကတော့ "ငါတို့ရဲ့ quarantine ဝင်ရတဲ့အချိန်ဟာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။

Coach ဖြစ်သူ QQQ ကလည်း သူတို့ရဲ့ gaming house ကိုရောက်ရှိနေပါပီ။

Quarantine ကာလပြီးဆုံးပြီး ယှဥ်ပြိုင်မယ့် ပထမဆုံး match ကတော့ April လ 1 ရက်နေ့မှာ Sparking Arrow Gaming နဲ့ယှဥ်ပြိုင်သွားရမှာပါ " ဆိုတာပဲဖြစ်ပါတယ်။

Team Aster အနေနဲ့လည်း StarLadder ImbaTV Dota 2 Minor Season3 မှာ champion ဖြစ်ပြီးထဲက အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တရုတ်ကိုပြန်လာချိန်မှာလည်း quarantine ဝင်နေရတာကြောင့် ESL One Los Angeles 2020 Major နဲ့လည်း လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Source - Team Aster Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။