ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ကောင်းပြီး ယောကျ်ားပီသတဲ့အပြင် တည်ငြိမ်ခန့်ညားတဲ့ ဥပဓိရုပ်ရည်တွေကြောင့် မိန်းကလေးပရိသတ်တွေ ကြွေဆင်းနေရတဲ့ မင်းသားချောကတော့ မော်လ်ဒယ်သရုပ်ဆောင် ထွန်းကိုကိုပါပဲ..။

ချောမောခန့်ညားတဲ့အပြင် မိန်းကလေးတိုင်း သဘောကျရတဲ့ အရပ်ရှည်ရှည်နဲ့ ဆွဲဆောင်မှုရှိသလို မွန်မြတ်တဲ့ပရဟိတစိတ်ထားတွေကြောင့်လည်း ပျိုမဒီလေးတွေနဲ့ အမြဲအချစ်ပိုကာ ယောကျ်ားလေးပရိသတ်တွေကပါ လေးစားချစ်ခင်နေကြသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

ပရဟိတအလုပ်တွေကို အားတက်တရောလုပ်ဆောင်နေတဲ့ ထွန်းကိုကိုဟာ ပြည်သူပရိသတ်တွေအတွက် လိုအပ်တဲ့နေရာလေးတွေကနေ အမြဲရှေ့ထွက်ဖေးအကူညီနေသလို အခုတစ်ခါမှာလည်း Covid-19 ရောဂါ စောင့်ကြည့်ကုသရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်..။

ထွန်းကိုကိုနဲ့ We Love အဖွဲ့တွေဟာ Covid-19 စောင့်ကြည့်ကုသရေးအတွက် လိုအပ်တဲ့ပစ္စည်းတေတွဖြစ်တဲ့ အောက်စီမီတာ၊ အပူချိန်တိုင်းသာမိုမီတာ၊ သွေးပေါင်ချိန်စက်ကြီးနဲ့ သွေးပေါင်ချိန်စက်အသေးတို့ကို မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

အခုလို ပြည်သူပရိသတ်တွေနဲ့ တိုင်းပြည်အတွက် လိုအပ်နေတဲ့အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ဖေးမကူညီခဲ့တဲ့ ပယအမှတ်တရပုံရိပ်လေးတွေကို မျှဝေရင်း ပရိသတ်တွေကိုလည်း ကျန်းမာကြစေဖို့ ဆုတောင်းစကားလေးလည်း ထွန်းကိုကိုက ဆိုထားပါသေးတယ်..။

"ကျွန်တော် ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများမှ

COVID - 19 ရောဂါ စောင့်ကြည့်ကုသရေးအတွက်

လိုအပ်နေသော ပစ္စည်းများကို

ဝေဘာဂီဆေးရုံကြီး သို့

သွားရောက်လှူ ဒါန်းခဲ့ပါခင်ဗျာ

အောက်စီမီတာ (၁၀) ခု

အပူချိန်တိုင်းသာမိုမီတာ (၂) ခု

သွေးပေါင်ချိန်စက် ကြီး(၂) လုံး

သွေးပေါင်ချိန်စက် သေး (၁)လုံး လှူ ဒါန်းခဲ့ပါတ်ခင်ဗျာ

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ.." ဆိုပြီး ထွန်းကိုကိုက မျှဝေပြောပြထားတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

Source & Photo Credit - Yanpaing Tunko's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။