ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါနဲ့ တေးသီချင်းကောင်းတွေကြောင် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် အခိုင်အမာရပ်တည်နေသူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်..။

ပြည်သူပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ထူးအယ်လင်းကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်တိုင်ထားပြီး အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်ကာ ကုသိုလ်ယူနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Htoo El Lynn's FB Account
Photo Credit - Htoo El Lynn's FB Account

ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ရပ်တည်လာတဲ့ ထူးအယ်လင်းဟာ အခုလတ်တလောမှာ တရုတ်ပြည်ကနေ စတင်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးကို ခြောက်လှန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် PPE ဝတ်စုံတွေကို လှူဒါန်းခဲ့ပြန်ပါတယ်..။

ဂီတအနုပညာရှင်ညီအစ်ကိုများ စုပေါင်းလှူဒါန်းခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ(၂၉)ရက်နေ့ကပဲ စစ်တွေဆေးရုံအတွက် PPE ဝတ်စုံ (၅)စုံကို လှူဒါန်းခဲ့တဲ့အကြောင်းကို ထူးအယ်လင်းက အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Htoo El Lynn's FB Account
Photo Credit - Htoo El Lynn's FB Account

ထူးအယ်လေးကတော့ လိုအပ်တဲ့ပစ္စည်းတွေကို အချိန်စောင့်ပြီး ဝယ်နေရလို့ မအားရပေမယ့်လည်း လိုအပ်တာလေးတွေကို တစ်ဖက်တစ်လမ်းက အခုလို လှူဒါန်းနိုင်တာကိုပဲ ဖြေသိမ့်နေရပြီး အလှဓတွေအတွက်လည်း သာဓုခေါ်ကာ ကျေးဇူးတင်စကားလေးလည်း ဆိုထားပါတယ်နော်..။

"မနေ့ည(၂၉.၃.၂၀၂၀) တနင်္ဂနွေနေ့ညက စစ်တွေ ဆေးရုံအတွက် PPE ဝတ်စုံ ငါးထည် ထပ်မံလှုဖြစ်တယ်...

တေးရေး တေးဆို ညီမင်းခိုင်မှ စစ်တွေပို့ဖို့တာဝန်ယူခဲ့ပါတယ် ။

လေးစားပါတယ် အနုပညာဂီတ ညီအကိုများ

ဒိထက်မက လှုချင်ပါတယ် လိုအပ်တဲ့ပစ္စည်းတွေက တစ်ပတ် ဆယ်ရက်စောင့်ယူဝယ်နေရတာမို့လို့ အားမရပေမယ့် မရှိတာထက်စာရင် တော်သေးတယ်လေ...

အလှုရှင်များ သာဓု သာဓု သာဓုပါဗျာ.." ဆိုပြီး သာဓုခေါ်ဆုတောင်းစကားလေးနဲ့အတူ မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Htoo El Lynn's FB Account
Photo Credit - Htoo El Lynn's FB Account

Source & Photo Credit - Htoo El Lynn's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။