ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ အကြီးဆုံး မိသားစု ဇိမ်ခံအိမ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင်ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုအိမ်ကြီးရဲ့ နာမည်ကတော့ "Versailles house" ဗာဆိုင်းအိမ်ကြီးလို့ အမည်ရပြီး ဖလော်ရီဒါပြည်နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ အိပ်ခန်းပေါင်း ၃၀ ပါဝင်တဲ့ အုတ်တိုက်ကြီးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ဆောက်လုပ်ပြီးခဲ့သမျှ လူနေအိမ်များအနက် အကြီးဆုံး မိသားစု စံအိမ်ကြီး ဖြစ်ပါတယ်။ အိမ်ကြီးအတွင်းမှာ ဘိုလင်းကစားကွင်း၊ စကိတ်ကွင်းနှင့် အိုလံပစ်ပြိုင်ပွဲ ကျင်းပတဲ့ အရွယ် ရေကူးကန် ထည့်သွင်း တည်ဆောက်ထားတာကြောင့် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အိမ်ကြီးဖြစ် လာခဲ့ပါတယ်။

photo credit pngtree

ဒေးဗစ်ဆေးဂဲလ်နှင့် သူ့ရဲ့ဇနီး အလှဘုရင်မ ဟောင်းဂျက်ကလင်းတို့ဟာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးစံအိမ်ကြီးကို လွန်ခဲ့သော သုံးနှစ်က စတင်တည်ဆောက်ခဲ့ကြပြီး ၁၈ လအကြာမှာတော့ တည်ဆောက်မှုများ မပြီးပြတ်သေးဘဲ ဒေါ်လာ ၇၅ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်ခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများက အိမ်ကြီးလက်စသပ်ရန် နောက်ထပ်ဒေါ်လာ ၂၅ သန်းလိုအပ်မယ်လို့ ယူဆခဲ့ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။