ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိတဲ့ ချစ်စရာဟန်ပန်တွေနဲ့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး အိန်ဂျယ်လမုန်ကလည်း အပါအဝင်ပါပဲ..။

နိုင်ငံခြားသူလေးတစ်ယောက်လို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွကို ပိုင်ဆိုင်ထားတဲ့ အပြင် အနေအေးတဲ့ပုံရိပ်လေးတွေနဲ့ ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရသူလေးဆိုလည်း မမှာပါဘူး..။

Photo Credit - Angel Lamung's FB Account

ကြော်ငြာတွေရိုက်ကူးကာ အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေတဲ့ အိန်ဂျယ်လမုန်လေးဟာ "အချစ်ဖြင့်လွမ်းစေ"ဇာတ်ကားမှာ သူမရဲ့သရုပ်ဆောင်ကောင်းမှုလေးတွေကို ပရိသတ်တွေက သဘောကျနေကြသလို ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးအားပေးမှုတွေကိုပါ ရရှိထားတာလည်း ဖြစ်ပါတယ်..။

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိတဲ့ အိန်ဂျယ်လမုန်ဟာ အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိရှိ အေးအေးချမ်းချမ်းလေး ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်..။

Photo Credit - Angel Lamung's FB Account
Photo Credit - Angel Lamung's FB Account

အိန်ဂျယ်လမုန်ဟာ သူမပစ္စည်းတိုင်းရဲ့ လျို့ဝှက်နံပါတ်လေးဟာ ချစ်ရသူရဲ့ မွေးနေ့ပါဆိုပြီးတော့လည်း ချစ်စဖွယ်ရေးသား ပြောပြရင်း သူအယမရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

"အကယ်လို့ ငါမရှိတော့ရင် ငါ့နဲ့ပတ်သက်သမျှ ပစ္စည်းတိုင်းရဲ့ Password ဟာ မင်းရဲ့ မွေးနေ့ပါ ချစ်သူ.." ဆိုပြီး အေးအေးချမ်းချမ်းလေး ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားတာဖြစ်ပါတယ်နော်..။

Photo Credit - Angel Lamung's FB Account

Source & Photo Credit - Angel Lamung's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။