မန်ချက်စတာယူနိုင်တက်အသင်းက သူတို့ရဲ့အဓိက နံပါတ်၁ဦးစားပေးဂိုးသမား ဒေးဗစ်ဒီဂီယာ အပေါ် ရီးရဲမက်ဒရစ် ၏ ပေါင်သန်း၆ဝနဲ့တရားဝင်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဒေးဗစ်ဒီဂီယာ က မန်ချက်စတာယူနိုင်တက် အသင်းကို ၂၀၁၁ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေးယူရို ၁ရသန်းနဲ့ရောက်ရှိလာကာ မန်ချက်စတာယူနိုင်တက်ရဲ့ဂန္ဒဝင်နည်းပြီကြီး ဆာအဲလက်စ်ဖာဂူဆန်ခေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ဒီဂီယာကို ရယူလိုနေဖြင်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပင်ဖြစ်သည်။ဒီဂီယာကိုယ်တိုင်က အက်သလက်တီကိုမက်ဒရစ် အသင်းသားဖြစ်ခဲ့သော်ကြောင့် ဒါဘီပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့လိုကြောင်း အကြိမ်ကြိမ်ဖွင့်ဟခဲ့ဖူးသည်။သို့သော် ၂၀၁၅ခုနှစ်အပြောင်းအရွှေ့တုန်းက ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ဒီဂီယာကိုခေါ်နိုင်ရန်နီးစပ်ခဲ့ပြီး စာချုပ်လွှဲတာ နောက်ကျခဲ့ခြင်းကြောင့်သာ မရရှိခဲ့ဖြင်းဖြစ်သည်။

ဒီဂီယာအနေဖြင့် မန်ချက်စတာယူနိုင်တက် ချန်ပီယံလိဂ်မဝင်နိုင်ခဲ့ပါက ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရန်ရှိနိုင်သော်လည်း မန်ချက်စတာယူနိုင်တက်က ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရခဲ့သည်ကတစ်ကြောင်း မန်ချက်စတာယူနိုင်တက်အသင်းတွင်ပျော်ရွှင်နေသောကြောင့် အပြောင်းအရွှေ့မဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်ဘောလုံးရှင်များက သုံးသပ်လျက်ရှိသည်။ဒီဂီယာသည် ယခုနှစ်တွင် မန်ချက်စတာယူနိုင်တက်နဲ့အတူ ကွန်မြူနတီဒိုင်း၊EFLဖလားနဲ့ယူရိုပါလိဂ်ဖလားများဆွတ်ခူးထားနိုင်ခဲ့သည်။

Source-Daily Mail

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။