ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ခြောက်ခြားစရာကောင်းတဲ့ နေရာတွေထဲကမှ တစ်ခုဖြစ်တဲ့ "Screaming Tunnel" အော်သံ လှိုင်ခေါင်းကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

နိုင်းဂါရာ ရေတံခွန်ရဲ့ တောင်ဘက် မလှမ်းမကမ်းမှာရှိနေတဲ့ "Screaming tunnel" အမည်ရှိသော လှိုင်ခေါင်းထဲမှာ မီးထွန်းညှိလို့မရပါဘူး။ အဲ့လို မီးထွန်းညှိတာ သို့မဟုတ် မီးတုတ်ကိုင်တာကို ပြုလုပ်လိုက်ပါက အမျိုးသမီးငယ်တစ်ဦးရဲ့ ဒေါသတကြီး အော်ဟစ်သံကိုကြားရပြီး မီးများ အလိုလို ငြိမ်းသွားတတ်တယ်လို့ သိရပါတယ်။

photo credit pngtree

ထိုလှိုင်ခေါင်းကြီးထဲမှာ ဘာကြောင့် မီးထွန်းလို့မရတဲ့ အကြောင်းအရင်းကို ပြောပြပေးသွားပါ့မယ်။ အဲ့ဒီလှိုင်ခေါင်းနဲ့ မလှမ်းမကမ်းမှာနေထိုင်တဲ့ လယ်သမား မိန်းမပျိုလေး တစ်ယောက်ဟာ မီးလောင်ကျွမ်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပြီး အဲ့လှိုင်ခေါင်းထဲမှာ ပြေးရင်းလွှားရင်းနဲ့ သေဆုံးခဲ့ဖူးတယ်ဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်သဖွယ် ပါးစပ်ပြော ရာဇဝင်တွေရှိခဲ့ပါတယ်။ တည်နေရာကတော့ Canada (ကနေဒါ) နိုင်ငံမှာ ဖြစ်ပါတယ်။ အဲ့လှိုင်ခေါင်းကြီးထဲမှာ မီးထွန်းလို့မရဘူးဆိုတာ တစ်ကယ်ပဲ ပါးစပ်ပြောရာဇဝင်တွေက မှန်နေတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုပဲလားဆိုတာ ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးသွားပါဦးနော်။

source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။