ပရိသတ်ကြီးရေ.. ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားပြီး ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်နော်..။

ရိုးရှင်းအေးချမ်းစွာ နေထိုင်တတ်ကာ ချစ်စရာကောင်းသူလေးမို့ ယောကျ်ားလေးပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ယောကျ်ားလေးပရိသတ်တွေကပါ ချစ်ခင်ကြတဲ့ နော်ဖောအယ်ထားကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူလေးပါ..။

Photo Credit - Naw Phaw Eh Htar's FB Page
Photo Credit - Naw Phaw Eh Htar's FB Page

ပရိသတ်ချစ်တော်လေး နော်ဖောအယ်ထားကတော့ Covid-19 ကြောင့် ပြည်သူပရိသတ်တွေ အိမ်မှာနေရတဲ့အချိန်လေးမှာ အစားများများစားကာ ကိုယ်ခံအားကောင်းအောင်နေပြီး ဖုန်းစုံးရတာပျင်းလာတဲ့အချိန်လေးတွေမှာ စာအုပ်လေးတွေဖတ်ကြဖို့လည်း တိုက်တွန်းပြောပြထားပါတယ်..။

အတက်နိုင်ဆုံး အိမ်မှာနေကြပြီး ကိုယ်ခံအားကောင်းအောင် အစားများများစားကာ အိပ်ရေးဝဝအိပ်ကြပြီး အခြေအနေတည်ငြိမ်သွားတဲ့အချိန်မှာတော့ ပေါင်ချိန်ဘယ်လောက်တက်လဲဆိုတာ ပြိုင်ကြမယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်..။

Photo Credit - Khant Nyar Thaw
Photo Credit - Naw Phaw Eh Htar's FB Page

"အိမ်မှာပဲ နေကြမယ်...ကိုယ်ခံအားကောင်းအောင် အစားများများစားမယ်...လက်ကို ခဏခဏသေချာဆေးမယ်....အိပ်ရေးဝဝအိပ်မယ်...ဖုန်းသုံးရတာပျင်းလာရင် စာအုပ်လေးတွေဖတ်မယ်.. ခု အခြေအနေတွေတည်ငြိမ်သွားတဲ့ အခါကျရင်...ပေါင်ချိန်ဘယ်သူဘယ်လောက်တက်တယ်ဆိုတာ...ဖောစိန်လေးနဲ့ ပြိုင်ကြမယ်နော်...." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ နော်ဖောလေးပြောပြထားတဲ့ နည်းလမ်းလေးနဲ့ အပျင်းဖြေရင်း ကျန်းမာရေးအတွက်လည်း ကိုယ်ခံအားကောင်းအောင် နေထိုင်ကြရအောင်နော်..။

Photo Credit - Naw Phaw Eh Htar's FB Page
Photo Credit - Naw Phaw Eh Htar's FB Page

Source & Photo Credit - Naw Phaw Eh Htar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။