ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ အထီးကျန် တစ္ဆေမြို့များတွေထဲကမှ တစ်ခုဖြစ်တဲ့ "Kolmanskop" ကောလ်မန်စ်ကော့ပ်မြို့အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသေားဖော်ပြပေးသွားမှာပါ။ နမ်မီးဘီးယားနိုင်ငံရှိ ကော်လ်မန်စ်ကော့ပ်မြို့ဟာ တစ်ချိန်က စိန်တူးဖော်ရေးလုပ်ငန်း အကြီးအကျယ် ထွန်းကားခဲ့တဲ့ မြို့ဖြစ်ပါတယ်။

photo credit pngtree

အဲ့အချိန်အခါတုန်းက ဂျာမနီ မိသားစု ရာပေါင်းများစွာဟာ ကော်လ်မန်စ်ကော့ပ်သို့ အစုလိုက်အပြုံလိုက်လာရောက်ကြပြီး သဲများ အပေါ်ယံတွင် နစ်မြုပ်နေတဲ့ စိန်များကိုရှာဖွေခဲ့ကြပါတယ်။ ကော်လ်မန်စ်ကော့ပ်ကို မီးရထား လုပ်သားတစ်ဦးဖြစ်သူ "Zacharias Lewala" ဆိုသူက ၁၉၀၈ ခုနှစ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသူဟာ မီးရထားလမ်းတစ်ခုကို တူးရာမှ ရာပေါင်းများစွာသော လူများကို နမ်မီးဘီးယား ကန္တာရအတွင်းရှိ နေရာကွက်တစ်ခုကို နေအိမ်များအဖြစ်အမြန်ပြောင်းလဲစေကာ ဂျာမနီမြို့တစ်ခုအသွင် ဖြစ်ပေါ်စေခဲ့ပါတယ်။

photo credit pngtree

ကော်လ်မန်စ်ကော့ပ်တွင် စိန်ထုတ်လုပ်မှုဟာ ၁၉၂၀ ပြည့်နှစ်အထိ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး စစ်ပွဲများနှင့် အခြားအနှောင့်အယှက်များကြောင့် ၁၉၅၄ ခုနှစ်မှာတော့ စိန်ထုတ်လုပ်မှုကို ရပ်တန့်စေခဲ့ပါတယ်။ ထိုဒေသတွင်နေထိုင်ကြသူများဟာ ငွေကြေး ပိုမို ရရှိနိုင်မယ့် နေရာများသို့ ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ယခုအခါမှာတော့ ကော်လ်မန်စ်ကော့ပ်မှာ စွန့်ပစ်ထားတဲ့ အဆောက်အအုံများစွာရှိနေပြီး ခရီးသွားများကို ဆွဲဆောင်လျက်ရှိနေပါတယ်။ ကန္တာရအတွင်းတိုက်ခတ်ခဲ့တဲ့ သဲမုန်တိုင်းများကြောင့် အဆောက်အအုံဟောင်းများရဲ့ အခန်းများဟာ သဲများပြည့်နေပါတယ်။ ခွင့်ပြုချက်ရရှိသူများသာ ကော်လ်မန်စ်ကော့ပ်သို့ သွားရောက်နိုင်ကြတာဖြစ်ပြီးတစ္ဆေမြို့တော်အတွင်း စားသောက်ဆိုင် တစ်ခုနှင့် ပြတိုက်တစ်ခုသာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။