photo credit - liquipedia

လက်ရှိ Boom Esports ရဲ့mid player Mikoto နာမည်အရင်းကတော့ Rafli Fathur Rahman ဖြစ်ပြီး သူဟာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ ၂၀၀၀ ခုနှစ် ၂ လပိုင်း ၂၈ ရက်နေ့ဖြစ်တာကြောင့် Mikoto ဟာအသက် ၂၀ ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Mikoto dota 2 pro scene ပေါ်ရောက်လာတာကတော့ ၂၀၁၇ ခုနှစ်လောက်ထဲကဖြစ်ပြီး ပထမဆုံး စတင်ကစားခဲ့တဲ့ team ကတော့ Pandora Esports ပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ Mikoto ဟာ လပိုင်းလောက်သာကစားခဲ့ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပြီး လအတော်ကြာ အသင်းလက်မဲ့အနေအထားနဲ့ နေခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ၁၀ လပိုင်း ၄ ရက်နေ့မှာတော့ Mikoto ဟာ Alter Ego အသင်းနဲ့အတူ pro scene ပေါ်ကိုပြန်လည်ထွက်ပေါ်လာခဲ့ပြီး ၎င်းအသင်းမှာ ၂၀၁၈ ခုနှစ် ၁၁ လပိုင်း ၁၄ ရက်နေ့အထိ တစ်လကျော်ကြာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Mikoto ဟာ Boom Esports ကိုပြောင်းရွှေ့ခဲ့ပြီး ယနေ့ထက်ထိ ၎င်းအသင်းမှာ ကစားနေဆဲပဲဖြစ်ပါတယ်။

Sea region ကနေ 10k MMR ကိုရောက်ရှိဖူးထားတဲ့ Mikoto အကြောင်းလေးကို သိသလောက်ဖော်ပြပေးလိုက်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။