ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြား ဖန်လုံအိမ် အဆောက်အအုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Farnsworth House" ဖန်းဆွာ့ဒ် စံအိမ်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်တောင်ပိုင်း၊ ပလာနိုတွင် တည်ဆောက်ထားတဲ့ ဖန်းဆွာ့ဒ် စံအိမ်ကို ဗိသုကာပညာရှင် လဒ်ဝစ်မိုင်းအိစ် ဗန်ဒါရိုဟေးက ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ပလာနို မြို့တော်အနီး ဖောက်စ် မြစ်ကမ်းတစ်လျောက်တွင် တည်ဆောက်ထားတဲ့ ထိုအဆောက်အဦးဟာ ဖန်ဖြင့် ဆောက်လုပ်တဲ့ အဆောက်အုံများတွင် သက်တမ်းအရှည်ဆုံး ဖြစ်ပါတယ်။ ထိုအဆောက်အအုံရဲ့ အဓိက ထူးခြားချက်မှာ ကြည်လင်စွာ ဖောက်ထွင်းမြင်နိုင်တာ ဖြစ်ပြီးအဆောက်အအုံအတွင်း ရှိနေသူများဟာ ပြင်ပမှ သဘာ၀ ဝန်းကျင်နှင့် နီးကပ်စွာ ရှိနေနိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

အဆောက်အအုံ တစ်ခုလုံးဟာ အခန်းတစ်ခန်းတည်းသာ ဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့တာပါ။ ထိုစံအိမ်ကိုကျေးလက် ဆိပ်ငြိမ်ရိပ်သာ တစ်ခုအဖြစ် ဒေါက်တာ ဖန်းဆွာ့ဒ် အတွက် ဆောက် လုပ်ပေးခဲ့ရာ ၂၀၀၆ ခုနှစ်တွင် ထိုအဆောက်အုံကို အမျိုးသား သမိုင်းဝင်အထင်ကရ အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဖန်းဆွာ့ဒ် စံအိမ်ကိုပြတိုက်တစ်ခု အဖြစ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။