ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ဆယ်စုနှစ်တွေကတည်း က အခိုငိအမာရရှိကာ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်ယုန်လေးကတော့ ပွင့်လင်းပြီး သဘောထားကောင်းမွန်တဲ့ သူ့ရဲ့စိတ်ထားတွေကြောင့်လည်း ပရိသတ်တွေက ချ်ခင်နေကြတာပါ..။

ဂီတပိုင်းမှာ အမိုက်စားသီချင်းကောင်းတွေနဲ့ အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ရုပ်တွေကို ကိုယ်တိုင်သရုပ်ဆောင်သလို ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးထားပြီး သူ့ရဲ့အကြမ်းစားရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကို အကြိုက်တွေ့သဘောကျစေတာလည်း အားလုံးမြင်တွေ့ရမှာပါနော်..။

Photo Credit - Yone Lay's FB Account
Photo Credit - Yone Lay's FB Account

အနုပညာရှင်တွေအုပင် အခက်အခဲဖြစ်နေတဲ့ ပြည်သူပရိသတ်တွေကို တက်နိုင်တဲ့ဘက်ကနေ အမြဲကူညီဖေးမတတ်တဲ့ယုန်လေးကတော့ သူ့ရဲ့ပွင့်လင်းပြီး ကူညီတတ်တဲ့ စိတ်သဘောထားအတိုင်း အခုတစ်ခါမှာလည်း Rap Challenge တစ်ခုမှာ "Stay At Home ရင် နေ့ထွက်ရှုံးမယ့်ဘဝ" ဆိုပြီး သူ့ဘဝအကြောင်းလေးကို စပ်ဆိုကာ ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့တဲ့ Min Z ဆိုတဲ့ လူငယ်လေးကိုလည်း ကူညီဖေးမခဲ့ပြန်ပါတယ်..။

သူ့ရဲ့ဘဝအကြောင်းကို စပ်ထား Rap သီချင်းလေးကို ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားပေးဝန်းရံခဲ့ကြပြီး မိသားစု(၈)ယောက်ကို တာဝန်ယူထားရတဲ့ Min Z အတွက် စိတ်မကောင်းဖြစ်တာမို့ ယုန်လေးက သူ့ရဲ့မိသားစုရဲ့ နေ့ပြန်တိုး အကြွေးတွေကို ကူဆက်ပေးခဲ့ပြီး အခုလို ကပ်ရောဂါဆိုးတွေ ပြီးသွားရင် အနုပညာဘက်မှာ ကူညီမယ့်အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Yone Lay's FB Account
Photo Credit - Yone Lay's FB Account

"ဒါလေးကြည့်ပြီးကို ပီတိဖြစ်လို့မဆုံး

ကဲ Min Z ဆိုတဲ့ ဒီညီလေး ကိုဝန်းရံ လိုက်ကျရအောင်

ကျွန်တော် ကိုရန်ချမ်း Share တာဝင်နားထောင်လိုက်ပြီး

သူဆိုထားတဲ့ ငါတာဝန်ယူထားရတဲ့ မိသားစု က ၈ယောက်စာရှိတယ် ဆိုတဲ့ ကာရံ Bomb မှာ စိတ်မကောင်းဖြစ်မိသွားတယ် .

Rap ထဲမှာ နေပြန်တိုးနဲ့ အကြွေးဆပ်ရမှာလည်းပါတော့

ကိုယ်လည်း ပေါများနေတဲ့ လူမဟုတ်ပါဘူး .

ဘာဝင်ငွေမှလည်း မရှိတော့ပါဘူး ကျွန်တော်မှာ

ဒါပေမယ့်လည်း သူတို့ အပူရှင်းသွားရင် သူတို့စိတ်တွေပေါ့ပြီး ပျော်သွားတာလေးမြင်ချင်မိတယ် . နေပြန်တိုးနဲ အကြွေးလေး

ညီအစ်ကို အရင်းစိတ်နဲ့ ကူဆပ်ပေးလိုက်ပါတယ် .

ဒီကပ်ဆိုးတွေ ပြီးသွားရင်လည်း တက်နိုင်သလောက် အနုပညာဘက်မှာ ကူညီပေးပါ့မယ် ညီလေးရေ .

Fighting . . . .

အခြေခံလူတန်းစားတွေ အများကြီးရှိမယ်ဆိုတာ သိပါတယ် . အကုန်ကြပ်တည်းနေမယ် ဆိုတာလဲ သိပါတယ် .

ကျွန်တော်တို့လည်း လက်လှမ်းမှီသလောက် တက်နိုင်သလောက်ပေါ့ဗျာ . တကယ် ကျွန်တော်လည်း လူချမ်းသာတစ်ယောက်ဆိုရင်တော့ တစ်ယောက်မကျန် အကုန်ကူချင်တာပေါ့ဗျာ . အားလုံး အဆင်ပြေကျပါစေ

ကပ်ဆိုးကြီး အမြန်ပြီးလို့ ပုံမှန် ပြန်လည်ပတ်နိုင်ပါစေ.."ဆိုပြီး ယုန်လေးက မျှဝေပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Yone Lay's FB Account
Photo Credit - Yone Lay's FB Account

Source & Photo Credit - Yone Lay's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။