ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အမြန်ဆုံးလူသားလို့ အမည်တွင်တဲ့ "Usain Bolt" အူစိန်ဘော့ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုအကြောင်း၊ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၂၀၀၉ ခုနှစ် မေလ ၁၇ရက်နေ့က ဂျမေကာနိုင်ငံသား အူစိန်ဘော့ (Usain Bolt)ဟာ မီတာ ၁၅၀ အပြေးပြိုင်ပွဲတစ်ခုတွင် ပန်းမဝင်ခင် မီတာ၁၀၀ ကို ၈ ဒသမ ၇၀ စက္ကန့်ဖြင့် အရောက်ပြေးနိုင်ခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးလူသား ဖြစ်လာခဲ့ပါတယ်။ မီတာ ၁၀၀ အကွာ အဝေးကို အူစိန်ဘော့ပြေးခဲ့တဲ့ အမြန်နှုန်းဟာ ပျမ်းမျှ တစ်နာရီလျှင် ၄၁ ဒသမ ၃၈ကီလိုမီတာ (၂၅ ဒသမ ၇၁မိုင်) ဖြစ်ပါတယ်။

photo credit pngtree

နိုင်ငံတကာ ပြေးခုန်ပစ် အားကစားအဖွဲ့ (IAAF) က အူစိန်ဘော့ ထိုနေ့က ပြေးခဲ့တဲ့ အကွာအဝေးကို မှတ်သား မထားခဲ့တဲ့အတွက် ထိုစံချိန်ဟာ တရားဝင် ကမ္ဘာ့စံချိန်တော့ ဖြစ်မလာခဲ့ပါဘူး။ သို့သော် ၂၀၀၉ ခုနှစ် သြဂုတ်လမှာတော့ အူစိန်ဘော့ဟာ မီတာ ၁၀၀ အကွာ အဝေးကို ၉ ဒသမ ၅၈စက္ကန့်ဖြင့် ပန်းဝင်ကာ တရားဝင် ကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။