ပရိသတ်ကြီးရေ အချစ်တော်လေး မင်းသမီးချောလေး ယဉ်လက်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ရင်ထဲကို ဖိုက်တာမင်းသမီးလေးတစ်ယောက်အဖြစ်နေရာယူထားခဲ့တာကတော့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ယခုဆိုရင် အနုပညာနယ်ပယ်မှာ နေရာလေးတစ်ခုကို အခိုင်အမာရပ်တည်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ သူမရဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေကိုလည်းပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ဇာတ်ကားကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ 

Photo Credit - Yin Let
Photo Credit - Yin Let

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေပြီး တိုက်ရည် ခိုက်ရည်မှာအထူးကျွမ်းကျင် သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ယဉ်လက်ကတော့ အိမ်ထဲမှာနေရင်း ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်...။ ဒီပုံလေးတွေထဲမှာလည်း အပျင်းပြေ ဂစ်တာလေးကို တီးပြီး ကလေးလေးတစ်ယောက်လို ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးကတော့ ချစ်စရာကောင်းလောက်ပါတယ်။

Photo Credit - Yin Let
Photo Credit - Yin Let

ပရိသတ်တွေ အလွမ်းပြေစေမယ့် ယဉ်လက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ မင်းသမီးချောလေး ယဉ်လက်ကလည်း ဒီပုံရိပ်လေးတွေကို ပရိသတ်တွေပြန်လည် ကြည့်ရှုလို့ရအောင် သူမရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အချစ်တော်လေး ယဉ်လက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yin Let

Source - Yin Let Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။