သံစုံတီးဝိုင်းနဲ့ဖျော်ဖြေမည့် အမျိုးသမီးအဆိုတော် လေးဦး

The Queens ဟုအမည်ပေးထားသည့် အတိုင်း ခေတ်တစ်ခေတ်စီတွင် သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့သည့် အမျိုးသမီးအဆိုတော်တွေကို ရွေးချယ်ထားပါသည်။ ထိုဖျော်ဖြေပွဲတွင် မေခလာ ထွန်းအိန္ဒြာဗိုလ် ဖြူဖြူကျော်သိန်း နှင့် ချမ်းချမ်းတို့က ပါဝင်မည်ဖြစ်သည်။

"အဝတ်အစားကတော့ မိန်းကလေးတွေဘယ်လိုဝတ်မလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားမယ်ထင်တယ်။ ဘယ်လိုဆိုမလဲဆိုတာလဲ ပရိသတ်တွေက စိတ်ဝင်စားမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပွဲမျိုး တစ်ခါမှမကြုံဖူးဘူးလေ။…………" ဟု မေခလာကပြောသည်။

"ဒီပွဲမှာ တစ်ဦးချင်းလည်း ဖျော်ဖြေမယ်။ နှစ်ယောက် တစ်တွဲ လေးယောက်တွဲ ဖျော်ဖြေတာလေးတွေပါမယ် ။ တစ်ယောက်ကို သီချင်းဆယ်ပုဒ်လောက် ဆိုဖြစ်မယ်" ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

တေးသံရှင် ချမ်းချမ်းကတော့ " Orchesta ဆိုတော့ပျင်းစရာကောင်းနေမယ် လို့မထင်နဲ့။ Orchesta ဆိုတာ ခံ့ညားတဲ့ Music တစ်ခုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေနဲ့လည်း အပ်စပ်ပါတယ်" ဟုပြောကြားခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် အမျိုးသမီးအဆိုတော်များနှင့်အတူ ယဉ်ကျေးမှုတက္ကသိုက်မှ ဂီတကဗျာ Orchesta အဖွဲ့က ပါဝင်မည်ဖြစ်သည်။လက်မှတ်စျေးနှုန်းများကို ကျပ် တစ်သောင်းမှစ၍ ကျပ်ငါးသောင်းအထိ သတ်မှတ်ထားသည်။

Source: The Queens Page

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။