ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာရှတိုက်ရဲ့ ဂန္တဝင်နေရာများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "kashgar" ကတ်ရှ်ဂါ မြို့တော်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ပိုးလမ်းမကြီးပေါ်မှ ရှေးဟောင်း အိုအေစစ်မြို့တော်လို့ တင်စားနိုင်တဲ့ ကက်ရှ်ဂါ (Kashgar)ဟာ ပိုးလမ်းမ တစ်လျောက် ဗျူဟာအမြောက်ဆုံးနေရာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းတည်ရှိတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုပိုးလမ်း တစ်လျောက်သွားနေကြတဲ့ လှည်းများရဲ့ ဘီးရာများ နေရာလို့ တင်စားတဲ့ ရှေးဟောင်းမြို့လေးဟာ ယနေ့ထိတိုင် ဒဏ္ဍာရီပုံပြင်များနှင့် ရှင်သန်လျက်ရှိနေပြီး လေတစ်ဖြူး ဖြူးတိုက်ခတ်နေတဲ့ လမ်းများ၊ လမ်းဘေးဈေးသည်များ၊ မြည်းဆွဲလှည်းများဟာ ကက်ရှ်ဂါရဲ့ မြင်ကွင်းများ ဖြစ်ကြပါတယ်။ တနင်္ဂနွေ နံနက်ခင်း ဈေးများမှာ ထောင်နှင့်ချီသော လယ်သမားများဟာ နံနက်စောစော အချိန်တွင် လှည်းများဖြင့် လာရောက်ပြီး ဆုံဆည်းလေ့ရှိကြပါတယ်။

photo credit pngtree

ထိုသူတွေဟာ မြင်းကုန်းနှီးများ၊ ပိုးထည်များ၊ဓားများ၊ကျောက်မျက်များ၊ အဝတ်အထည်များ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားစက် အဟောင်းများနှင့်အတူ လတ်ဆတ်သောအသီးအနှံ ဟင်းသီးဟင်းရွက်များကို လာရောက်ရောင်းချကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကက်ရှ်ဂါ တိရိစ္ဆာန် ဈေးတွင် နွားများ၊ မြည်းများ၊ သိုးများ၊ ဆိတ်များ၊ ကုလားအုတ်များနှင့် အရွယ်အစားမျိုးစုံ မြင်းများကိုလည်း ဈေးမျိုးစုံဖြင့် ရောင်းဝယ်နေကြတာကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။