အာရှတိုက်အတွင်းမှာရှိတဲ့ ထင်ရှားသော ဟိန္ဒူဘုရားကျောင်းများဟာ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရာက် လည်ပတ်ကြတဲ့ ခရီးသွားနေရာများဖြစ်ကြတာကြောင့် အဲ့ဒီအထဲကမှ အထင်ရှားဆုံးနှင့် ဧည့်သည်အများဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ "Tanah Lot" တာနာလော့ ဟိန္ဒူဘုရားကျောင်းကို ပုံရိပ်တွေနဲ့တကွ မျှဝေတင်ဆက်ပေးသွားမှာပါ။

photo credit pngtree

ကြီးမားသော ကျောက်ဆောင်တစ်ခုပေါ်တွင် တည်ဆောက်ထားတဲ့ တာနာလော့ ဟိန္ဒူဘုရားကျောင်းဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင်တည်ရှိတဲ့ ဟိန္ဒူဘုရားကျောင်းများအနက် အထင်ရှားဆုံး ဖြစ်ပါတယ်။ တာနာလော့ဟာ ခရီးသွားများ အမှတ်တရ ဓာတ်ပုံအများဆုံး ရိုက်ကူးကြတဲ့ အဆောက်အဦးတစ်ခုဖြစ်တဲ့အပြင် ဘာလီကျွန်းသားများရဲ့ နှစ်ပေါင်းရာချီပြီး ယုံကြည် ကိုးကွယ်ခဲ့ကြသော ဟိန္ဒူဘာသာနှင့်ဆက်နွယ်နေတဲ့ ဒဏ္ဍာရီများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

photo credit pngtree

ဘာလီကျွန်း ပင်လယ် ကမ်းခြေတွင် တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်း ခုနစ်ကျောင်းဟာ တစ်ကျောင်းနှင့် တစ်ကျောင်း လှမ်းမြင်နိုင်သော နေရာများတွင် တည်ရှိတာ ဖြစ်ပါတယ်။ထိုကျောင်းများအနက် တာနာလေ့ာဟာ ဘာလီကျွန်းရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိနေကာ ဘုရားကျောင်း ခုနစ်ကျောင်းဟာလည်း တစ်ခုနှင့်တစ်ခု သံကြိုးဖြင့် ဆက်ထားသကဲ့သို့ ကွင်းဆက်ပုံသဏ္ဍာန် ဖြစ်ပေါ်နေတာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။