ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကျွန်ုပ်တို့ရဲ့ သွားကျန်းမာရေးအတွက် နေ့စဉ်အသုံးပြုနေရတဲ့ သွားတိုက်ဆေးရဲ့ အခြားအသုံးဝင်ပုံတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်းအပြင်၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကလေးငယ်များ သောက်သုံးတဲ့ နို့ဟာ လျင်မြန်စွာ သိုးနိုင်ပြီး နို့ပုလင်းတွေဟာလည်း အောက်သိုးသိုး အနံ့များ ကျန်ရစ်နေစေတတ်ပါတယ်။ အဲ့လို အနံ့ဆိုးများစွဲကပ်နေတဲ့ နို့ပုလင်းများဟာ ကလေးများကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ နို့ပုလင်း၊ နို့ဗူးများအား အမြဲသန့်စင်နေစေရန် ဆပ်ပြာနှင့် အခြားဓာတုဗေဒ ပစ္စည်းများသုံးကာ ဆေးကြောကြရတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုနေရာတွင် သွားတိုက်ဆေးရဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ နို့ပုလင်း၊ နို့ဗူးများအား သွားတိုက်ဆေး အနည်းငယ်ဖြင့် ဆေးကြောတာက ပုလင်းများ၊ ဗူးများကို လုံးဝသန့်စင် စေရုံသာမက အနံ့ဆိုးများကိုလည်း ကင်းစင်သွားစေမှာ ဖြစ်ပါတယ်။ ပုလင်းအတွင်းမှာ သွားတိုက်ဆေး အနည်းအကျဉ်း ကျန်ခဲ့မယ်ဆိုပါကလည်း ပူစရာမလိုပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ သွားတိုက်ဆေး အနည်းငယ်လောက်က ကလေးငယ်ကို ဘေးဥပါဒ်မသင့်စေလို့ပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။