ချစ်ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်လေး နဲ့ ဖြူဖွေးနုဖက်နေတဲ့အသားရည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ အချစ်တော်လေး ဝတ်မှုံရွှေရည် ကတော့ Covid-19 ရောဂါ နဲ့ ပတ်သတ်ပြီး ပရိသတ်တွေအားလုံးအတွက် အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ ကို အားပေးဖို့ ဒီ campaign မှာ ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်ထားပါတယ်။အချစ်တော်လေး ဝတ်မှုံရွှေရည် က ပရိသတ်တွေအားလုံးပါဝင်ဖို့ ဖိတ်ခေါ်ထားရာမှာလည်း "Covid-19 ကို ကာကွယ် ခုခံ တွန်းလှန်နိုင်ဖို့ အခုအချိန်မှာ အလွန်တရာမှ အရေးကြီးနေပြီ ဖြစ်တဲ့ ကဏ္ဍကတော့ ကျန်းမာရေး ကဏ္ဍက ဝန်ထမ်းများ ဖြစ်ပါတယ်။

Photo Credit - Wutt Hmone Shwe Yi Facebook page
Photo Credit - Wutt Hmone Shwe Yi Facebook page

တိုက်စစ်မှူးတွေ ရော ရှေ့တန်းရော အလယ်တန်းရော နောက်တန်းရော ဘယ်တောင်ပံ ညာတောင်ပံ မကျန် တစ်နိုင်ငံလုံးက ဆရာဝန်များ ဆရာမများ နဲ့ ကျန်းမာရေး ဝန်ထမ်းများ အားလုံးဟာ အခုအချိန်မှာ မိမိရဲ့ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားအားထုတ် ပြီးတော့ Covid တိုက်ပွဲ အတွက် အင်တိုက် အားတိုက် အလုပ်လုပ်ပေးနေကြပါတယ်။ ဒါကို ကူညီအားဖြည့်တဲ့ အနေနဲ့ သေရေးရှင်ရေး အရေးကြီး ကိစ္စ မဟုတ်ရင်နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်နေဖို့ အပြင်ထွက် အလုပ်လုပ်ဖို့ လိုအပ်တဲ့ သူကလွဲရင်၊နိစ္စဓူဝ လုပ်ငန်း ၊ စားဝတ်နေရေး အတွက် မဖြစ်မနေ အပြင်မှာ အလုပ် ဆက်လုပ်နေရမယ့် သူတွေကလွဲရင်အပြင်ကို လုံးဝ (လုံးဝ) မထွက်ကြဘဲ အိမ်မှာပဲ နေကြဖို့ အရေးကြီးပါတယ်။ အိမ်မှာနေခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ ကိုကူညီကြပါစို့။

Photo Credit - Wutt Hmone Shwe Yi Facebook page
Photo Credit - Wutt Hmone Shwe Yi Facebook page

ဓါတ်ပုံတွေ အားလုံးဟာ Campaign မှာ သုံးဖို့ ခွင့်ပြုချက်ရယူပြီး ဖြစ်လို့ကူးယူပြီး ပြန်လည်ဖော်ပြနိုင်ပါတယ်။ကိုယ့်ပုံလေးတွေနဲ့ ဆရာဝန်၊ ဆရာမတွေကို အားပေးဖို့လည်း တိုက်တွန်းပါတယ်။Sharing လုပ်ပေးခြင်းအားဖြင့် public awareness ဖြစ်ဖို့ရန်အတွက် အများကြီး ကူညီရာ ရောက်ပါတယ်နော်။ အားလုံး စိတ်ရော ကိုယ်ရော ကျန်းမာ ဘေးကင်းကြပါစေ" ဆိုပြီးရေးသားဖော်ပြပေးထားပါတယ်။ ပရိသတ်ကြီးအားလုံးလည်း အတူတကွ ပါဝင်ကြပါဦးနော်...။

Photo Credit - Wutt Hmone Shwe Yi Facebook page
Photo Credit - Wutt Hmone Shwe Yi Facebook page

Photo Credit - Wutt Hmone Shwe Yi Facebook page

Souece - Wutt Hmone Shwe Yi Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။