ပရိသတ်ကြီးရေ အဆိုတေယ်ငွေဇင်လှိုင်းကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရုန်းကန်လာကာ အောင်မြင်မှုတွေကို ရရှိလာခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ငွေဇင်လှိုင်းက ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ကိုယ်တိုင်ကြိုးစားဝယ်ယူပြီး သူမရဲ့စိတ်ကူးလေးထဲက အိမ်လေးတစ်လုံးကိုဖန်တီးနေတာဖြစ်ပါတယ်။ငွေဇင်လှိုင်းကတော့ သူမရဲ့အိမ်လေးကို ကိုယ်တိုင်ဆေးသုတ်ပြီး သူမဘဝအကြောင်းလေးကို အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Ngwe Zin Hlaing's Facebook Account
Photo Credit:Ngwe Zin Hlaing's Facebook Account
Photo Credit:Ngwe Zin Hlaing's Facebook Account

"လွန်ခဲ့တဲ့ နှစ်များဆီက အထုပ်ဆွဲပီး အိမ်ကမျက်ရည်စက်လက်နဲ့ ထွက်လာခဲ့တာကို သတိတောင်ရသွားမိပါရဲ့ .......ဘာပဲဖြစ်ဖြစ် ကြိတ်မှိတ်သည်းခံပြီးတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးခဲ့ရတာတွေ....ညကြီးမိုးချုပ် ၈ လွှာကြီးမှာ သီချင်းဆိုပီးအပြန် သော့မရှိတဲ့ တံခါးကိုလော့ချထားခဲ့တော့ ဝရံတာမှာ ငုတ်တုတ်ထိုင်ပီးငိုခဲ့ရတာတွေ...... ပြောမယ်ဆိုရင် ကုန်မယ်မထင် တိုက်ခန်းလေးပိုင်ဆိုင်ချင်တယ်ဆိုတာထက်နေရာအတည်တကျလေးဖြစ်ချင်တာ... ကိုယ့်အခန်း ကို့နေရာ သန့်သန့်ရှင်းရှင်း နဲ့ နေချင်တာ......"

Photo Credit:Ngwe Zin Hlaing's Facebook Account
Photo Credit:Ngwe Zin Hlaing's Facebook Account

"ကို့စိတ်ကြိုက်လေးတွေ အလှဆင်ပီးနေချင်တာ... နောက်ဆုံးတော့ ဇွဲဆုအနေနဲ့ ရသွားခဲ့တယ်...လွန်ခဲ့တဲ့ ၃ နှစ်က တိုက်ခန်းလေးတစ်ခန်းပိုင်ဆိုင်ခဲ့တယ် ဒါပေမဲ့ အလျင်အမြန်ကြီး ပြောင်းရရွှေ့ရတော့ နေဖို့အဆင်ပြေရုံသာ ပြင်ပီးနေခဲ့တာ ဒီနေ့ထိခုတော့ အိမ်မှာနေရတာ ကြာတော့အိမ်အသစ်လိုမျိုး အလှဆင်ချင်သွားတယ်လက်ဆောင်လေးတွေလဲ နေရာချထားချင်တယ် မိသားစုပုံလေးတွေ အမှတ်တရလေးတွေ ချိတ်ထားချင်တယ် ဒါကြောင့် ဒီနေ့စပီး ဆေးသုတ်တယ် မနက် ၉ နာရီထဲက စလိုက်တာည ၈ နာရီမှပီးတယ်...တစ်ကိုယ်လုံးနာကျင်နေပေမယ့် အားလုံးပြီးရင် ဒီ့ထက်လှမှာ သိနေတော့. ဆေးသုတ်ဖို့ လိုရင် ကျမကိုသတိရပါ"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Ngwe Zin Hlaing's Facebook Account
Photo Credit:Ngwe Zin Hlaing's Facebook Account
Photo Credit:Ngwe Zin Hlaing's Facebook Account

Source&Photo Credit:Ngwe Zin Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။