အနုပညာနယ်ပယ်မှာ နေရာတစ်ခုကိုအခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မော်လ်ဒယ်မင်းသမီးချောလေး ရွှေပိုးအိမ် ပဲဖြစ်ပါတယ်နော်.... ။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေအပြင် တည်ငြိမ်အေးချမ်းလှတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေကို အရင်ကထက်ပိုမိုလုပ်ကိုင်လာတာကိုလာနေပြီလည်းဖြစ်ပါတယ်။

Photo Credit - Shwe Poe Eain Facebook page
Photo Credit - Shwe Poe Eain Facebook page

မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အလှူအတန်းနဲ့ ဘာသာရေးကိစ္စတော်တော်များမှာ စိတ်ရောကိုယ်ပါ ပါဝင်လှုပ်ရှားနေသူလေးပဲ ဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ရွှေပိုးအိမ် က အိမ်မှာနေရင်း ချစ်ရတဲ့ မေမေ နဲ့ အတူတူ အိမ်ရှေ့ကို ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆန် ၊ ဆီ နှင့် ဆား တို့ကို လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Shwe Poe Eain Facebook page
Photo Credit - Shwe Poe Eain Facebook page

ယခုလိုလှူဒါန်းမှုနှင့်ပတ်သတ်ပြီး ရွှေပိုးအိမ်က " အမေက သောကြာနေ့တိုင်းသဘာဝတရားရိပ်သာကို ဆန် ဆီ ဆားလှူဒါန်းပါတယ်" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ဒီပုံလေးတွေနဲ့အတူ ရေးသားဖော်ပြပေးထားပါသေးတယ်။အလွန်းမွန်မြတ်လှတဲ့ အလှူဒါန်းမှုမျိုးဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ ရွှေပိုးအိမ် တို့ရဲ့ သားမိနှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်....။

Photo Credit - Shwe Poe Eain Facebook page

Souece - Shwe Poe Eain Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။