သရုပ်ဆောင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ ပရိသတ်အများအပြားရဲ့အားပေးမှုတွေကို ဟိုးအရင်ကတည်းကရရှိထားသူဖြစ်ပါတယ်။ယခုချိန်မှာဆိုရင်‌တော့ ဆုပန်ထွာက ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေကလည်း သူမရဲ့လှုပ်ရှားမှုပုံရိပ်တိုင်းကို စောင့်ကြည့်အားပေးနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Roar Roar's Facebook page/Amazing Grace
Photo Credit:Roar Roar's Facebook page/Amazing Grace
Photo Credit:Roar Roar's Facebook page

ဆုပန်ထွာရဲ့တစ်ဦးတည်းသောသားလေး Roar Roarလေးကလည်း ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။Roar Roar‌လေးကစကားတွေလည်း တီတီတာတာပြောတတ်ပြီး စိတ်ထားလေးကလည်းနူးညံ့ဖြူစင်သူလေးဖြစ်ပါတယ်။မေမေဆုပန်ထွာကလည်း သားသားလေးကိုသေချာဂရုစိုက်ပေးပြီး လိမ္မာရေးခြားရှိလာအောင် သင်ကြားပြသပေးနေတာပဲဖြစ်ပါတယ်။

Photo Credit:Roar Roar's Facebook page
Photo Credit:Roar Roar's Facebook page
Photo Credit:Roar Roar's Facebook page

Roar Roarလေးကတော့ အခုဆိုရင် (၃)နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ ကျောင်းလည်းတက်နေပြီဖြစ်ကာ ဉာဏ်ကောင်းထက်မြက်ပါတယ်နော်။အခုဆိုရင်လည်း Covid19 ကူးစက်ရောဂါကို ကာကွယ်ဖို့အတွက် Maskလေးကို စနစ်တကျတပ်ပြီး အရမ်းချစ်ဖို့‌ကောင်းနေတာဖြစ်ပါတယ်။မေမေ့စကားကိုနားထောင်ပြီး Maskလေးကို သေသေချာချာတပ်ထားတဲ့ Roar Roarလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Roar Roar's Facebook page
Photo Credit:Roar Roar's Facebook page
Photo Credit:Roar Roar's Facebook page

Source&Photo Credit:Roar Roar's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။