ချစ်ပရိတ်သတ်ကြီးရေ အချစ်တော်လေး နေခြည်ဦးကိုတော့ ပရိတ်သတ်တွေက အားပေးချစ်ခင်မှုတွေကို အပြည့်ဝ ရရှိထားတာဖြစ်ပါတယ်။သူမရဲ့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို ချစ်စအမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ နေခြည်ဦး ကတော့ beauty blogger အဖြစ်လူသိများကျော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများကို ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

Photo Credit - Nay Chi Oo

ဒါ့အပြင် သွယ်လျကျစ်လျစ်တဲ့အမိုက်စားခန္ဓာကိုယ် လေးနဲ့ ပျိုမဒီလေးတွေ အားကျရတဲ့သူဖြစ်ပြီး ဝတ်စားဆင်ယဉ်မှုမှာလည်း ဘယ်လိုဖက်ရှင်မျိုးကိုမဆို လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာကိုလည်းတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး နေခြည်ဦး က အိမ်ထဲမှာနေရင်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း နေခြည်ဦးက လွတ်လပ်ပေါ့ပါးပြီး Mask လေးကိုတပ်ကာ ချစ်စရာအမူရာလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit - Nay Chi Oo

ပရိသတ်ကြီးကလည်း အချစ်တော်လေး နေခြည်ဦးရဲ့ အမိုက်စားပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာပေါ်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အချစ်တော်လေး နေခြည်ဦးရဲ့ အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Chi Oo

Photo Credit - Nay Chi Oo

Source - Nay Chi Oo Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။