ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အကြီးဆုံး ရေတံခွန်တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Jog falls" ဂျော့ ရေတံခွန် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

အိန္ဒိယနိုင်ငံမှာရှိသော အမြင့်ဆုံးရေတံခွန်ဖြစ်တဲ့ ဂျော့ဟာ ရှာရာဝတီမြစ်ရဲ့ အမြင့် ၈၂၉ ပေမှ ရေများ ကျဆင်းနေတာ ဖြစ်ပါတယ်။ မိုးရာသီ မရောက်မီ အချိန်များမှာ ဂျော့ကို ကျောက်ကမ်းပေါ်မှ ရေများစီးဆင်းကျနေတဲ့ ပါးလွှာသော စမ်းချောင်းလေးနှစ်ခု အဖြစ်သာ မြင်တွေ့ကြရတာကြောင့် ရေတံခွန်တစ်ခုလို့ပင် မှတ်မိနိုင်ဖွယ်မရှိပါဘူး...။

photo credit pngtree

သို့သော် မုတ်သုန်ရာသီရောက်ပြီဆိုရင်တော့ ရေစီးကြောင်းများက အသက်ဝင်လာကာ ကြီးမားလှပသော ရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားလေ့ရှိပါတယ်။ ထိုအချိန်မှာတော့ အိန္ဒိယနိုင်ငံ၊ ဂူယာနာ(Guyana) ရှိ ရေတံခွန်ထက် အမြင့်ရော ရေထုထည်ပါ ကြီးမားလာကာ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ရေတံခွန်ကြီး ဖြစ်လာလေ့ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။