ချန်‌ပီယံလိဂ်‌ဖလားကရီးရဲအတွက်‌ပါပဲဆိုတဲ့လုလု‌အောင်‌


‌ဘောလုံးအားကစားဟာအမျိုးသား‌တွေအတွက်‌သည်‌း‌ခြေကြိုက်‌ကစားနည်‌းပါ။အမျိုးသမီး‌တွေလည်‌း‌ဘောလုံးအားကစားကိုကြိုက်‌နှစ်‌သက်‌ကြ‌ပေမယ်‌့အမျိုးသားပရိသတ်‌‌တွေ‌လောက်‌‌တော့မရူးသွပ်‌‌လောက်‌ပါဘူး။ဒါ‌ပေမယ်‌့လုလု‌အောင်‌က‌တော့‌ဘောလုံးအားကစားနည်‌းကိုကျွမ်‌းကျွမ်‌းကျင်‌ကျင်‌နားလည်‌ပြီးအား‌ပေးတတ်‌တဲ့အမျိုးသမီးတစ်‌‌ယောက်‌ဖြစ်‌ပါတယ်‌။‌

ဝေလနိုင်‌ငံကာဒစ်‌မှာကျင်‌းပမယ်‌့ရီးရဲမက်‌ဒရစ်‌နဲ့ဂျူဗင်‌တပ်‌တို့ရဲ့ဗိုလ်‌လုပွဲကိုလုလုဘယ်‌လိုသုံးသပ်‌ပြထားသလဲဆို‌တော့

"ဥရောပ ဘောလုံးလောကမှာ ရီရဲလ်မတ်ဒရစ်က အစဉ်လာနဲ့ သမိုင်းကြောင်းကြီးမားတဲ့အသင်းပါ၊ ဒီပွဲမှာ သူတို့အသင်းရဲ့ ဂုဏ်သိက္ခာအရနည်းပြ ဇီဒန်းနဲ့ ကစားသမားတွေကလဲ တစ်သားတည်းဖြစ်နေတော့ ဂျူဗီအနေနဲ့ ခံစစ်ကော တိုက်စစ်ကော ဘယ်လောက်ကောင်းကောင်း ရီးရဲလ်ကိုတော့ နိုင်မယ်မထင်ပါဘူး၊


ဒီပွဲက နှစ်သင်းလုံး သူသေကိုယ်သေ တိုက်မယ့်ပွဲပါ၊ ဂျူဗီကလည်း ဒီဖလားကို လက်တစ်ကမ်းအလိုမှာ ခဏခဏပြုတ်ကျခဲ့တာဆိုတော့  ဒီတစ်ခါ အမိအရ ဖမ်းဆုပ်မှာပါ။ ဒီပွဲဟာ ဘောလုံးသမားတွေအကြိုက် ပွဲကြီးပွဲကောင်းဖြစ်လာမှာ သေချာပါတယ်။ 


ဥရောပဘောလုံးအသင်းတွေထဲမှာ ရီရဲလ်းတိုက်စစ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတာဆိုလို့ ဘာစီလိုနာအသင်းလောက်ပဲရှိပါတယ်။ 


တကယ်လို့သာ အင်္ဂလန်က FA ဖလားဗိုလ်လုပွဲလို ကံတရားနဲ့ ဒိုင်လူကြီးက ဂျူဗင်တပ်ဘက်မှာ ရှိမနေဘူးဆိုရင် သေချာတယ် ရီးရဲလ်အသင်းအနိုင်ရပြီး ချန်ပီယံလိဒ် ဖလားရနိုင်မယ်လို့ ထင်ပါတယ် "

ကဲလုလုက‌တော့‌ဘောလုံးနဲ့ပါတ်‌သက်‌လာရင်‌‌ခေသူမဟုတ်‌ဘူး‌နော်‌။ပရိသတ်‌ကြီးရဲ့အမြင်‌က‌ရောဘယ်‌လိုလဲ။လုလုနဲ့အတူတူရီးရဲလား၊ဒါမှမဟုတ်‌ဆန်‌့ကျင်‌ဘက်‌ဂျူဗင်‌တပ်‌လား။

SOURCE-inside weekly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။