ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ကောင်းကင်မြို့တော်တွေထဲကမှ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံက sky city အဆောက်အအုံကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

တရုတ်နိုင်ငံဟာ ၁၉၈၉ ခုနှစ်မှာ Sky City 1000 လို့အမည်ပေးထားတဲ့ ဘက်စုံသုံး ကောင်းကင် မျှော်စင်ကြီး တစ်ခုတည်ဆောက်ရန် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ တရုတ် အင်ဂျင်နီယာလုပ်ငန်းစု တစ်ခုက အဆိုပြုခဲ့တဲ့ ထိုစီမံကိန်းမှာ လူဦးရေ ၃၆၀၀၀ အတွက် အိမ်ရာနေရာများ ချထားပေးနိုင်မယ့်အပြင် လူဦးရေ တစ်သိန်း အလုပ်လုပ်ကိုင်နိုင်မယ့် နေရာအကျယ် အဝန်း ကိုလည်းရရှိမယ်လို့ ဆိုထားပါတယ်။

photo credit pngtree

မိုးမျှော် အဆောက်အအုံများ လူနေမှုကောင်စီက Sky City 1000 များကို ၂၀၃၀ ခုနှစ် ဝန်းကျင် တွင် ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒေါက်တာ ယူဂျင်းဆွိရဲ့ အမြင်အရ ထိုမျှော်စင်များဟာ မြေပြင်မှအထက်သို့ နှစ်မိုင်အထိ မြင့်မားကာ လူဦးရေ တစ်သန်းအထိ နေထိုင်နိုင်မယ့် ဧရိယာ ၁ ဒသမ ၅ သန်း စတုရန်းပေ ကျယ်ဝန်းသော နေရာအကျယ်အဝန်းအထိ ရရှိနိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။