မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာလေးတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဆိုရင်လည်း ဝါရင့်အနုပညာရှင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

Photo Credit : Phyu Phyu Htwe Facebook Account
Photo Credit : Phyu Phyu Htwe Facebook Account

ဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။

Photo Credit : Phyu Phyu Htwe Facebook Account
Photo Credit : Phyu Phyu Htwe Facebook Account

သူမကတော့ ပရိတ်သတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေက ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Phyu Phyu Htwe Facebook Account
Photo Credit : Phyu Phyu Htwe Facebook Account

Source & Photo Credit : Phyu Phyu Htwe Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။