ပရိသတ်တွေအတွက် ဒီညတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခု ကို Admin က ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အဲ့ဒါကတော့ ဆီးချိုရောဂါ နဲ့ပတ်သက်ပြီး ဆောင်ရ ရှောင်ရမယ့် အရာတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိဘဆွေမျိုး မိတ်ဆွေတွေထဲမှာ ဆီးချိုရောဂါဖြစ်နေရင် ပေါ့ပေါ့ဆဆ မနေသင့်တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစားအသောက်တွေအနက် ဘယ်ဟာက ဆီးချိုနဲ့ မတည့်တာလဲ ဘယ်ဟာကို မှီဝဲစားသောက်ရမလဲဆိုတာ လည်း မျှဝေပေးလိုက်ပါနော်။

ဆီးချိုရောဂါဖြစ်ပြီဆိုရင် ဆောင်ရမယ့် အရာတွေကတော့

ကာဗိုဟိုက်ဒြိတ် နဲ့ ကယ်လိုရီ ပါဝင်မှုနည်းသော ကြက်ဟင်းခါးသီး ၊ ကြောင်လျှာသီး ၊ခရမ်းချဉ်သီး ၊ချဉ်ပေါင် ၊ တမာရွက် ဂွေးတောက်ရွက် စတဲ့ ဟင်းသီးဟင်းရွက်များ ကို များများစားသုံးပါ။

အရည်ရွှမ်းပြီး အချဉ်ဓာတ်များသော ကျွဲကောသီး၊ ရှောက်သီး၊ သံပုရာသီး ၊လိမ္မော်သီး ၊ နာနတ်သီး ၊ ကမ္ဗလာသီး အချိုဓာတ်နည်းသော သစ်တော်သီး ၊စပျစ်သီး ပန်းသီး သဘောင်္သီးများကို နေ့စဉ်စားသုံးပါ။

ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ကယ်လိုရီ ပေးစွမ်းနိုင်သော ကောက်နှံ(ဆန်းလုံးညို ၊ဂျုံ့) အမျိုးမျိုး ၊ ပဲအမျိုးမျိိုး နို့အမျိုးမျိုး ငါးအမျိုးမျိုးကို သင့်တော်တဲ့ ပမာဏအတိုင်း ချိန်တွယ်တွက်ဆပြီး စားသုံးပါ။

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။ စိတ်ဖိစီးမှုများရှောင်ကြဉ်ပါ။

ဘဝကို ပျော်ရွှင် ကျန်းမာအောင် လေ့ကျင့်နေထိုင်ပါ။

ဆီးချိုရောဂါ ဖြစ်ရင် ရှောင်ရမှာကတော့ -

သွေးတွင်း သကြားဓာတ် ရုတ်တရက်မြင့်တက်စေသော အချိုရည် အမျိုးမျိုး အချိူဓာတ်များသော သကြား၊ သကြားလုံး ယိုမျိုးစုံနှင့် အချိုမှုန့်တို့ကိုရှောင်ပါ။

ကစီဓာတ်(ကာဗိုဟိုက်ဒြိတ်)များသော အာလူး ၊ ကန်စွန်းဥ ၊ အာတာလွတ်၊ ပဲမြစ် ထန်းမြစ် ပိန်းဥ ပြောင်းဖူး ၊ ကောက်ညှင်း နှင့် ပြုလုပ်ထားသောမုန့်အမျိုးမျိုးု တို့ကို ရှောင်ကြည့်ပါ။

ကယ်လိုရီများသော စားသုံးဆီအမျိူးမျိုး ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

ဆီးချိုးသမားတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အစားအစာများကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

အရက် ဆေးလိပ် ကွမ်းဖြတ်ပါ။ 

သတင်းအရင်းမြစ် Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။