ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဦးကျော်သူကတော့ အနုပညာမောင်နှမတွေသာမကပဲ ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ ဦးကျော်သူက အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင် ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။ လတ်တလောမှာဖြစ်ပွားကူးစက်နေတဲ့ ကိုရိုနာ ရောဂါ ကြိုတင်ကာကွယ်ရေး နယ်ပယ်တွေမှာလည်း အတက်နိုင်ဆုံး နိုင်ငံ နှင့် လူမျိုးအတွက်တစ်ထောင့်တစ်နေရာကနေဝိုင်းဝန် ကူညီနေတာကို ပရိသတ်တွေလည်း တွေ့မြင်ရပါတယ်။

Photo Credit - Kyaw Thu
Photo Credit - Kyaw Thu

ပြီးခဲ့တဲ့ရက်ပိုင်းက နာရေးကူညီမှုအသင်း( ရန်ကုန်)ရဲ့ အလွန်းအားထားရတဲ့ ဘုတ်အဖွဲ့ဝင် ကိုရူပနဲ့ ဦကျော်သူတို့ အွန်လိုင်းကနေစကားပြောကြရင်း အလှူရှင် ကိုရူပ က ပိုးသတ်ဆေးဖြန်းရာတွင် ထိရောက်တဲ့ စက်တစ်လုံးကို လှူဒါန်းလာခဲ့ပါတယ်။စက်တန်ဖိုး (၁၄၀၀၀၀ဝိ/-)တစ်ဆယ့်လေးသိန်း၊မီးစက်ဖိုး(၈၀၀၀၀ဝိ/-)ရှစ်သိန်းကျပ်ကို ချက်ခြင်းမဆိုင်း ပေးခြေလှူဒါန်းခဲ့တာဖြစ်ပြီး ကိုရူပနှင့် မီးစက်ဖိုးအား ပူးပေါင်းပါဝင်လှူဒါန်းကြသော ကိုထွန်းကိုကို၊ကိုသားကြီး၊ကိုအောင်လေးများကလည်းလှူဒါန်းခဲ့ပါတယ်။

Photo Credit - Kyaw Thu
Photo Credit - Kyaw Thu

ယခုလို အများအကျိုးတွက်ဆောက်ရွက်ပေးကျတဲ့ အဖွဲ့အစည်းများ ၊ အလှူရှင်များအားလုံးကို ပရိသတ်ကြီးကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။ဒီထပ်မက လှူဒါန်းနိုင်ပြီး အများအကျိုးကိုလည်း ပိုမိုဆောင်ရွက်နိုင်ပါစေ။ ကဲ... ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကိုရိုနာ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးဖြန်းရာတွင်ထိရောက်တဲ့ စက်ကြီးနဲ့အတူ ဆေးဖြန်းနေကျတဲ့ ဦးကျော်သူတို့ရဲ့ပုံရိပ်များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Thu
Photo Credit - Kyaw Thu

Photo Credit - Kyaw Thu

Source - Kyaw Thu Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။