ညအခါ

လသာသာ

ကစားမလား

နားမလား

ဆိုတဲ့စကား။

ခုချိန်မှာတော့

ညအခါ

မအိပ်ခင်မှာ

ဖုန်းပွတ်မလား

ဂိမ်းကစားမလား

ဆိုတဲ့စကားအစားထိုးဝင်ရောက်လာတဲ့အခါမှာတော့.....။  

မိုဘိုင်းလ်ဖုန်းကိုအိပ်ခေါင်းအုံးအောက်မှာထားပြီးအိပ်စက်ခြင်းကကျန်းမာရေးအတွက်မကောင်းသလိုလုံခြုံမှုမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကမိုဘိုင်းလ်ဖုန်းကနေသာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောင်ခြည်တွေဖြာထွက်နေပြီးအဲ့ရောင်ခြည်ဖြာထွက်မှုနှုန်းအဓိကခန္ဓကိုယ်အစိတ်အပိုင်းတွေနဲ့ထိတွေ့မှုများလာတာနဲ့အမျှကင်ဆာဖြစ်ပွားစေနိုင်တဲ့အထိကျန်းမားရေးကိိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။နောက်တစ်ခုကတော့စမတ်ဖုန်းအလင်းရောင်ဟာငယ်ရွယ်နုပျိုတဲ့လူငယ်လူရွယ်တွေရဲ့လုံလောက်တဲ့အိပ်စက်ခိိျန်ကိုနှောက်နှေးစေပါတယ်။

ညဘက်မိုဘိုင်းလ်ဖုန်းသုံးစွဲရာမှထွက်နေတဲ့အလင်းဟာအိမ်စက်ခြင်တဲ့စိတ်ကိုလျော့နည်းစေတာကြောင့်လုံလောက်တဲ့အိပ်စက်ချိန်ကိုဆုံးရှုံးစေပါတယ်။လူငယ်လူရွယ်ဆယ်ယောက်မှာကိုးယောက်ကမအိပ်ခင်မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းကနေထွက်လာတဲ့အပြာရောင်အလင်းကြောင့်အိပ်စက်ချိန်မလုံလောက်မှုပြဿနာတွေဖြစ်ပါ်နေပါတယ်။ဖုန်းထဲကထွက်ရှိလာတဲ့အပြာရောင်အလင်းဟာအိပ်ချင်စိတ်ကိုလျော့ကျစေတယ်လို့တက်သိပညာရှင်တွေကဆိုကြပါတယ်။နေ့လည်နေ့ခင်းဘက်စမတ်ဖုန်းနဲ့အင်တာနက်အသုံးပြုတာကိစ္စမရှိပေမဲ့ညအိပ်ယာဝင်တဲ့အချိန်ထိမိုဘိုင်းဖုန်းနဲ့အင်တာနက်အသုံးမပြုသင့်သလိုမိုဘိုင်းလ်အင်တာနက်ဂိမ်းမကစားတာအကောင်းဆုံးပါပဲ။

Source: Google

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။