ရုပ်သံ ဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးများပါ လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းကိုလည်း အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်မှုကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို ရရှိထားတာပါ။  

Photo Credit : May Myint Mo Facebook Account
Photo Credit : May Myint Mo Facebook Account

လတ်တလောမှာတော့ Covid 19 ရောဂါနဲ့ ပက်သက်ပြီး ဂရုစိုက်နေထိုင်သင့်တဲ့ အချက်လေးတွေကို ပုံလေးနဲ့ အတူ "

Covid 19 ရောဂါပိုးမကူးစက်ရလေအောင် အားလုံးပဲမလိုအပ်ပဲအပြင်မထွက်ပါနဲ့နော် တကယ်လိုအပ်လို့မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် Mask တပ်ကြပါနော်အပြင်ကပြန်ရောက်ရင် အင်္ကျီအဝတ်အစားများကို တစ်ခါတည်းလျှော်ခြင်း နေပူလှမ်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ် ဒါမှရောဂါပိုးတွေကပ်တွယ်ပြီးမပါလာနိုင်မှာပါ

တစ်ခုခုနဲ့ ထိတွေ့ကိုင်တွယ်ပြီးတိုင်း Handgel (ဒါမှမဟုတ်) လက်ကိုဆပ် ပြာ နဲ့သေချာပွတ်တိုက်ပြီးစနစ်တကျဆေးပေးဖို့အရေးကြီးပါတယ် အာဟာရပြည့် ဝအောင်စားပါ အိပ်ရေးဝအောင်လဲအိပ်ပါ မိတ်ဆွေ သူငယ်ချင်းတွေ့ဆုံရင်လဲလက်ဆွဲနှုတ်ဆက်ခြင်းမပြုပဲလက်အုပ်ချီ၍သာ နှုတ်ဆက်စေလိုပါတယ် ဖြစ်နိုင်ရင် Stay at Home အိမ်ထဲမှာဘဲနေကြပါနော် 

Photo Credit : May Myint Mo Facebook Account
Photo Credit : May Myint Mo Facebook Account

Covid 19 ရောဂါကူးဆက်ခံရသူများ တနေ့တခြားတိုးလာတာကိုမြင်တွေ့ ကြားသိရတဲ့အတွက်အရမ်းကိုစိတ်မကောင်းဖြစ်မိပါတယ်

ဒါကြောင့်လဲ မေလေးချစ်ရတဲ့သူတွေ မေလေးကိုချစ်ကြတဲ့တစ်ဦးတစ်ယောက်ချင်းဆီကိုရော ချစ်ရတဲ့ပရိသတ်များအားလုံးကိုရော အရမ်းစိတ်ပူမိပါတယ်အခုလိုအချိန်မျိုးမှာကျန်းမာရေးကိုအထူးဂရုစိုက်ကြပါနော် ဒီ Covid 19 Virus ကြီးကိုဘေးကင်းစွာနဲ့ကျော်လွှားကြမယ်နော် " ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်

Photo Credit : May Myint Mo Facebook Account
Photo Credit : May Myint Mo Facebook Account

Source & Photo Credit : May Myint Mo Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။