လုလုအောင်ရဲ့ No Bra Day ဓာတ်ပုံအောက်မှာ ဝင်ရောက် ကွန်းမန့်ရေးသားခဲ့သူ မေခလာ

The Queens သံစုံတီးဝိုင်းတွင် ပါဝင်ဖျော်ဖြေမည့် မေခလာသည် ပုရိသအမျိုးသား၏အကြိုက် မော်ဒယ်လုလုအောင်၏ No Bra Day ဓာတ်ပုံအောက်တွင် "ဒါဟာ မြန်မာပြည်ပါ ဒီလိုနေ့တွေမရှိပါ အသိအမှတ်မပြုပါ" ဟု ရေးသားခဲ့ပါတယ်။ လုလုအောင်ဖက်မှ ယခုအချိန်ထိ တုန့်ပြန်ခဲ့ခြင်းမရှိပေမယ့် လုလုအောင်၏ Fan များကတော့ ပြန်လည်ချေပ ပြောဆိုခြင်းတွေရှိနေပါတယ်။

တကယ်တမ်း No Bra Day ဆိုတာ

"ဒီနေ့ October 13ရက်နေ့ဟာ No Bra Day ဖြစ်ပါတယ်။

အမျိုးသမီးများ ဘရာစီယာ မဝတ်ရတဲ့နေ့ပေါ့။

အားအားယားယား No Bra ကြတာလား။

မဟုတ်ပါဘူး။

ရင်သားကင်ဆာနဲ့ ပက်သက်ပြီး ရင်သားကင်ဆာနဲ့ပက်သက်တဲ့အန္တရာယ်တွေ

ဆောင်ရန်ရှောင်ရန်တွေကို Alertလုပ်ချင်လို့

October 13ကို No Bra Day အဖြစ် သတ်မှတ်ထားတာပါ။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကို နက်နက်နဲနဲခြိမ်းခြောက်လာတဲ့ ရောဂါဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားဟာ

အလှအပနဲ့ ကာမဆက်ဆံရာမှာပဲ အသုံးဝင်တာမျိုး မဟုတ်ပါဘူး။

No Bra Day ဟာလည်း လှောင်ပြောင်ရယ်မောစရာ

တဏှာထစရာ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။

ကျန်းမာရေးအသိ လှုံ့ဆော်ရာနေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

No Bra Day မှာ Yes Bra ဖြစ်နေပေမယ့်

ညတိုင်း No Bra Night ဖြစ်နိုင်ပါတယ်။

Bra ဝတ်ပြီး အိပ်စက်ခြင်းဟာ ရင်သားကင်ဆာကို ပိုအားပေးပါသတဲ့လေ. . . . ။"

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။