ရန်ကုန်မြို့မှာနေရင် အမြဲလိုလို ကားကျပ်တဲဲ့ဒဏ်ခံစားရတာပေါ့။ အထူးသဖြင့်ရုံးတက် ရုံးဆင်းချိန်တွေဆိုရင် ကိုယ်ထွက်တဲ့ ချွေးနဲ့ကိုယ်ပြန်အအေးပတ်ကာ ဖျားမယ်လို့တောင် ဖြစ်ရတဲ့အထိ ကားကျပ်တာ ပုံမှန်ပါပဲ။ဝန်ထမ်းပါဆိုမှ ကားဌားဖို့ဆိုတာကလည်း လခစားဆိုတော့ မဖြစ်နိုင်၊ဆိုတေ့ာက ခရီးသွားဘတ်စ်ကားတွေ အဆင်ပြေချောမွတ်စွာ ကားလမ်းကြောင်းဆွဲနိုင်ဖို့ ဆုတောင်းမိတာ နေ့စဉ်နဲ့အမျှပေါ့။ထားပါတော့၊ဒါကတော့ တာဝန်ရှိသူတွေလုပ်ဆောင်ရမယ့် အပိုင်း၊ဒီတစ်ခါ Myanmarload က အထူးတင်ပြပေးမှာက အလွယ်တကူကားဌားနိုင်မယ့် အထောက်အကူပြု ကားဌားစနစ်တွေအကြောင်းပါ။ရန်ကုန်မှာ လှုပ်ရှားသွားလာနေရင်တော့ အချိန်မရွေး ဒီစာကိုဖတ်ဖို့ သိမ်းထားသင့်တယ်နော်…

Grab

Grabကားအဌားဝန်ဆောင်မှုကတော့ နိုင်ငံတကာကပါ။ မိုဘိုင်းလ်ဆော့ဝဲလ်အသုံးချကာ ဝန်ဆောင်မှုကိုအလွယ်တကူ ရယူနိုင်ပါတယ်။ကားဌားမယ်ဆိုရင်တော့ ပထမဆုံး Grab ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ဆော့ဝဲလ်မှာ မှတ်ပုံတင်ပြီးနောက်ပိုင်းEnter Pick-Up Point ကို ကိုယ်လက်ရှိရောက်နေတဲ့နေရာ၊ကိုယ့်ကို ကြိုစေချင်တဲ့နေရာ၊ ကိုယ်သွားမယ်နေရာအားလုံးကိုရွေးပြီးတာနဲ့ စုစုပေါင်းကျသင့်မယ့် ဝန်ဆောင်ခကို တစ်ခါတည်း ပြသမှာပါ။အဆင်ပြေရင်တော့ Book ကိုနှိပ်လိုက်ရုံပါပဲ။နောက်ဆုံးမှာတော့ Finding you a driver ဆိုပြီးကားက စရှာပါလိမ့်မယ်။တွေ့သွားရင်တော့ ကားသမားအမည်၊ ကားနံပါတ်၊ကားအမျိုးအစား၊ ကားရောက်ရှိနိုင်မယ့် အချိန်တွေကို ဆော့ဝဲလ်မှာ ပြသမှာပါ။ ကားရောက်တာနဲ့ ကားမောင်းသမားကဖုန်းဆက်မှာပါ။ 

Oway Ride

စမတ်ဖုန်းမိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလိုဖုန်းနံပါတ် - ၀၉၄၅၀၄၅၀၆၀၆ ကိုဖုန်းဆက်ကာကြိုတင်ချိတ်ဆက် ဆက်သွယ်ခေါ်ဆိုနိုင်ပြီး ကားဌားနိုင်ပါတယ်။Android စနစ်ဖုန်းဆိုရင် Google Play Store ကနေ Oway Ride ဖုန်းဆော့ဝဲလ်ကို ရယူနိုင်သလို၊iOSစနစ်ဖုန်းဆိုရင်တော့ Apple Store ကနေရယူနိုင်ပါတယ်။ဒီအဌားကား ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင်တော့ ၃ကီလိုမီတာကို ၁၅ဝဝကျပ်ကျသင့်မှာဖြစ်ပြီး၊၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့ ၁ကီလိုမီတာကို၂၇၀ ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၆၆ကျပ် ထပ်မံကျသင့်ပါတယ်။ 

Hello Cab

စမတ်ဖုန်းမိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလို ဖုန်းနံပါတ် -၀၁၉၃၃၉၁၁၁ကိုဖုန်းဆက်ကာ ကြိုတင်ချိတ်ဆက် ဆက်သွယ်ခေါ်ဆိုနိုင်ပြီး လွယ်ကူလျင်မြန်စွာ ကားဌားနိုင်ပါတယ်။Androidစနစ်ဖုန်းဆိုရင် Google Play Store ကနေ Hello Cabဆော့ဝဲလ်ကို ရယူနိုင်သလို၊ iOSစနစ်ဖုန်းဆိုရင်တော့ Apple Store ကနေ Hello Cab ဆော့ဝဲလ်ကို ရယူနိုင်ပါတယ်။ ဝန်ဆောင်ခကတော့ ၃ကီလိုမီတာကို ၂ဝဝဝကျပ်ကျသင့်မှာဖြစ်ပြီး၊ ၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့ ၁ကီလိုမီတာကို၂၆၃ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၂ဝကျပ် ထပ်မံကျသင့်ပါတယ်။ခရီးသည်ကရပ်နားစောင့်ဆိုင်းနေချိန်အတွင်းမှာတော့ ရပ်နားစောင့်ဆိုင်းခအဖြစ် ၁၅မိနစ်ကို ၁ဝဝဝကျပ်၊မိနစ် ၃ဝကို ၂ဝဝဝကျပ်နဲ့တစ်နာရီကို ၃ဝဝဝကျပ် ထပ်ဆောင် ဝန်ဆောင်ခကျသင့်မှာပါ။ 

Go Taxi Myanmar

စမတ်ဖုန်း မိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလိုဖုန်းနံပါတ် - ၀၉၇၇၈၇၇၈၃၃၃ ကိုဖုန်းဆက်ကာကြိုတင်ချိတ်ဆက် ဆက်သွယ်ခေါ်ဆိုနိုင်ပြီး ကားဌားနိုင်ပါတယ်။ အချိန်ကုန်သက်သာသလို လွယ်ကူမြန်ဆန်ပါတယ်။ Android စနစ်ဖုန်းဆိုရင် Google Play Store ကနေ Go Taxi Myanmarဆော့ဝဲလ်ကို ရယူနိုင်သလို၊ iOSစနစ်ဖုန်းဆိုရင်တော့ Apple Store ကနေ Go Taxi Myanmar ဆော့ဝဲလ်ကို အလွယ်တကူ ရယူနိုင်ပါတယ်။ဝန်ဆောင်ခကတော့ ၃ကီလိုမီတာကို ၁၈ဝဝကျပ်ကျသင့်မှာဖြစ်ပြီး၊၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့ ၁ကီလိုမီတာကို၃၀၀ ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၃ဝကျပ် ထပ်မံကျသင့်ပါတယ်။ 

Uber

မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Uber ကားဝန်ဆောင်မှု လုပ်ငန်းက နိုင်ငံတကာကပါ။ မိုဘိုင်းလ်ဆော့ဝဲလ်အသုံးချကာ ကားအဌားဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်ပါတယ်။စဌားမယ်ဆိုရင် ပထမဆုံးအနေနဲ့ ဆော့ဝဲလ်ကိုဖွင့်ပါ။ အဲ့နောက်လက်ရှိကိုယ်ရောက်နေတဲ့ နေရာကို ပြပြီးသွားလိုရာနေရာကိုလမ်းကြောင်းဆွဲပါ။Set Location Map မှာထောက်ကာDone နှိပ်လိုက်ရုံပါပဲ။အဲ့နောက် ကိုယ့်စီ Uberကားရောက်မယ့် ခန့်မှန်းချိန်၊လက်ရှိ Uberကားလာနေတဲ့ လမ်းကြောင်းပြမြေပုံကိုပြသမှာပါ။ ကားမောင်းလာသူကလည်းကိယ့်ကို ဆက်သွယ်ပြောဆိုမှုတွေဆောင်ရွက်မှာပါ။ကားရောက်လာရင်တော့

ဝန်ဆောင်ခက ကားပေါ်တက်ရုံနဲ့ ၁၅ဝဝကျပ်ကျသင့်ပါတယ်။

Source: Google

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။