ချိုသာတဲ့ မျက်နှာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကိုသာမကဘဲ Beauty Blogger အလုပ်ကိုပါ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ချီချီဟာ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်နေသူတစ်ဦးပါ။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

သူမဟာ မိန်းကလေးတွေရဲ့ အလှအပဆိုင်ရာ အတွက် Makeup Tutorial တွေကို မကြာခဏ တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိန်းကလေးပရိသတ်တိုင်းက ချီချီမှ ချီချီ ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ချီချီတစ်ယောက် Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးဖြစ်နေတာလည်း ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် " let's stay home and play Tik Tok

Follow me on tik tok for more:

#stayhome " ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် တစ်ကိုယ်လုံးကိုလှုပ်ခါရမ်းပြီးအမိုက်စားကကွက်တွေကပြထားတဲ့ ချီချီရဲ့ အလန်းစား Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Nay Chi Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။