ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး မံမီ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ အဲ့ထဲကမှ "Ramesses II" လို့အမည်ရတဲ့ မံမီရုပ်အလောင်းအကြောင်းကို ရွေးချယ်တင်ဆက်ပေးသွားမှာပါနော်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

၁၈၈၁ ခုနှစ်တွင် ၊ အီဂျစ်နိုင်ငံ Thebes ရှိ ဘုရင်များတောင်ကြား(Valley of the Kings) မှတွေ့ရှိခဲ့တဲ့ ဘုရင် Ramesses II ၏ ရုပ်ကြွင်းဟာ ခရစ်တော်မပေါ်မီ ၁၂၁၃ ခုနှစ်က သေဆုံးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Ramesses the Great ဟုလည်း ထင်ရှားတဲ့ Ramesses II ဟာ ရှေးဟောင်း အီဂျစ်အင်ပါယာတွင် အကြီးကျယ်ဆုံး၊ အင်အားအကြီးဆုံး၊ ပွဲသဘင်များ ကျင်းပမှု အများဆုံး ဖာရိုဘုရင်လို့ ယူဆကြကာ ခရစ်တော်မပေါ်မီ ၁၂၇၉ ခုနှစ်မှ ၁၂၁၃ ခုနှစ်အထိ အီဂျစ် ၁၉ ဆက်မြောက် အင်ပါယာရဲ့ တတိယမြောက် ဘုရင်ဖြစ်ခဲ့ပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

Ramesses IIရဲ့ ရုပ်အလောင်းကို မူလက ဘုရင်များတောင်ကြား၌ မြှုပ်နှံခဲ့ပြီး နောက်ပိုင်းတွင် ခိုးတူးသူများရဲ့ အန္တရာယ်ကို ရှောင်ကြဉ်နိုင်ရန် ရဟန်းတော်များက ဘုရင်မ Inhapy ဂူသင်္ချိုင်းသို့ေ ရွှ့ပြောင်းခဲ့ပါတယ်။ ထို့နောက် သုံးရက်အကြာတွင် တတိယအကြိမ်အဖြစ် Ramesses IIရဲ့ ရုပ်အလောင်းကို အကြီးအကဲဖြစ်သူ Pinudjem II ရဲ့ အုတ်ဂူသို့ ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ထိုအကြောင်းများကို Ramesses IIရဲ့ အလောင်းကိုဖုံးထားသော အဝတ်စပေါ်တွင် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ထိုရုပ်အလောင်းကို စစ်ဆေးချိန်တွင် သုတေသီများက Ramesses II ဟာ အနီရောင်ဦးခေါင်းရှိကာ အဆစ် ရောင်ရောဂါကို ခံစားခဲ့ရသဖြင့် သေဆုံးချိန်အထိ ခါးကုန်းကာ လမ်းလျှောက်ခဲ့ရတာဖြစ်ကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။