သရုပ်ဆောင်စမိုင်းလ်တို့မိသားစုလေးကတော့ ဘာသာတရားကိုလည်းလိုက်စားပြီး အလှူရေစက်လက်နဲ့မကွာတဲ့ လေးစားစရာမိသားစုလေးပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်လောက်တော့ အနုပညာလောကနဲ့အဆက်ပြတ်သွားခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာဆိုရင် စမိုင်းလ်လည်း အနုပညာအလုပ်တွေကိုအနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။
စမိုင်းလ်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး ပျော်ရွှင်စရာတွေနဲ့သာ ပြည့်နှက်နေတာကြောင့် ပရိသတ်တွေချစ်နေရတာဖြစ်ပါတယ်။စိတ်သဘောထားလည်းဖြူစင်ကြပြီး မာန်မာနမရှိဘဲ ပွင့်လင်းရိုးသားကြတဲ့ စမိုင်းလ်တို့မိသားစုလေးဟာဆိုရင် လူချစ်လူခင်လည်း အင်မတန်ပေါများပါတယ်နော်။စမိုင်းလ်ရဲ့အဖွား ဒေါ်ခင်လေးဆွေဟာဆိုရင်လည်း ပြည်သူချစ်မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။
စမိုင်းလ်က အဖွားကိုလည်းအရမ်းချစ်တာကြောင့် လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း အိမ်ထဲမှာပဲနေနေရတဲ့အဖွားကို စမိုင်းလ်က တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် လုပ်ပေးနေတာပါနော်။စမိုင်းလ်တို့မြေးအဖွားနှစ်ယောက်ကတော့ အိမ်ထဲမှာပဲနေပြီး Tiktokလေးတွေကစားနေကြတာဖြစ်ပါတယ်။အဖွားကလည်း အမိုက်စားကကွက်တွေနဲ့ မပီအပြင်ကနေတဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
Source&Photo Credit:စမိုင်းလ် Smile's Facebook page
Video Credit:စမိုင်းလ် Smile's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။