မက္ကဆီကိုသားလေး Julián Ríos Cantú ဟာ ရင်သားကင်ဆာခံစားနေရတဲ့ မိခင်ကို ကြည့်ပြီးစိတ်ထိခိုက်ပြီးနောက်ဆုံးမှာတော့ ရင်သားကင်ဆာ ဖြစ်ပွာနေမှုကိုသိရှိနိုင်မယ့် အမျိုးသမီးအတွင်းခံအကျင်္ီကို တီထွင်နိုင်ခဲ့ပါတယ်။အဆိုပါတီထွင်မှုလုပ်နေချိန်မှာ သူ့အသက်က ၁၃နှစ်သာရှိပါသေးတယ်။

သူ့ဘဝရဲ့စိတ်ဖိအားအများဆုံးအချိန်၊စိမ်ခေါ်မှုတွေ ကြီးမြင့်တဲ့အချိန်မှာပဲ မိခင်ဖြစ်သူဟာ ရင်သားကင်ဆာကြောင့် ရင်သားတစ်ဖက်လုံး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ကံဆိုးတာကတော့ မိခင်ဖြစ်သူက ရင်သာကင်ဆာကြောင့် ရင်သားဖြတ်တောက်ကုသမှုခံယူခဲ့တာက လပိုင်းလောက် နောက်ကျခဲ့လို့ ကင်ဆာဆဲလ်တွေကိုမဖယ်ရှားနိုင်ခဲ့ပဲ ပိုဝမ်းနည်းစေပါတယ်။ထို့နောက်မှာတော့ သားအမိနှစ်ယောက် ပူးပေါင်းတိုင်ပင်ပြီး၊ ရင်သားကင်ဆာကို ကြိုတင်သိရှိနိုင်မယ့် အတွင်းခံအကျင်္ီကို တီထွင်ဖို့စတင်လုပ်ဆောင်ခဲ့ပါတယ်။ သားအမိနှစ်ဦးပူးပေါင်းမှုနဲ့ အဆိုပါအတွင်းခံဟာကင်ဆာကိုအာရုံခံနိုင်တဲ့ အာရုံခံဆင်ဆာပေါင်း 200 ထည့်သွင်းထားပြီး၊ ကွန်ပြူတာမော်နီတာနဲ့ ချိတ်ဆက်လိုက်ရုံနဲ့ ရောဂါရှိမရှိကို ချက်ချင်းသိနိုင်စေတယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အတွင်းခံကို ဝတ်ဆင်ထားသူနဲ့ပတ်သက်တဲ့ ရင်သားကင်ဆာရောဂါ ရှာဖွေတွေရှိမှုတွေကိုကာယကံရှင်အမျိုးသမီးရဲ့ ဖုန်းထဲကို ပေးပို့မှာပါ။ မဖြစ်ခင်ကြိုတင်တားဆိုသကဲ့သို ကြိုတင်ကာ ကင်ဆာဖြစ်နိုင်မယ့်အခြေအနေ၊အချက်အလက်တွေကို သိရှိနိုင်လို့ အမျိုးသမီးတွေအတွက် အသက်ကယ် အတွင်းခံဖြစ်လာပါတယ်။ပုံမှန်အားဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ချေအတွက် အကြိတ်ဖြစ်ပေါ်လာရုံနဲ့ တစ်ရူးလွှာတွေထဲ သွေးစီးဆင်းမှုက မြန်ဆန်လာပါတယ်။အဆိုပါမြန်ဆန်မှုက ရင်သားအပူချိန်မြင့်မာလာတဲ့အခါအတွင်းခံမှာတပ်ဆင်ထားတဲ့ အာရုံခံဆင်ဆာတွေကလိုအပ်တဲ့အချက်အလက်တွွေကိုမှတ်တမ်းပြုလုပ်ပြီးကာယကံရှင်အမျိုးသမီးထံဖုန်းကနေတစ်ဆင ့်သတိပေးပါတယ်။ အချိန်ပြည့်ဝတ်ဆင်စရာမလိုအပ်ဘဲ တစ်ပတ်မှာ တစ်နာရီကနေ တစ်နာရီခွဲအတွင်း ဝတ်ဆင်ရုံနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို ကြိုတင် သိရှိနိုင်ပါတယ်။လက်ရှိမှာတော့ Ríos ဟာအသက် ၁၈ နှစ်ပြည့်သလို Higia Technologies ကိုုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source: Bored Panda

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။