မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သူလေးတစ်ဦးဖြစ်တဲ့ သက်ထားသူဇာ ကတော့ ပရိသတ်တွေလည်း သိပြီးသား ဖြစ်မှာပါ။ သူမကတော့ နိုင်ငံရပ်ခြားမှာသွားရောက်ယှဉ်ပြိုင် ကစားရာမှာတော့ ပွဲတိုင်းလိုလို အောင်ပွဲတွေရရှိထားပြီး နိုင်ငံဂုဏ်ဆောင်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ကြက်တောင်ရိုက်အားကစားကို တစိုက်မတ်မတ်ကြိုးစားခဲ့တာကြောင့်အားကစားမှာထူးချွန်လာတဲ့သူလေးပဲဖြစ်ပါတယ်။

Photo Credit - Thet Htar Thuzar
Photo Credit - Thet Htar Thuzar

အားကစားမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်သလို အလှူဒါန်းတွေကိုလည်း တက်နိုင်သမျှ လှူ ဒါန်းတဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း သက်ထားသူဇာ ကတော့ Covid-19 ကြိုတင်ကာကွယ်ရေးတွေမှာ အသုံးပြုဖို့အတွက် မိမိရဲ့ ချွေးနည်းစာလေးနဲ့ "မျှဝေသောလက်များ ပျဉ်းမနား" ပရဟိတ အသင်းကို အလှူငွေ နှစ်သိန်း ကျပ် (၂၀၀,၀၀၀) တိတိ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photo Credit - Thet Htar Thuzar
Photo Credit - Thet Htar Thuzar

လတ်တလောကူးစက်ပြန့်ပွားနေတဲ့ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးတွေမှာ ယခုလိုလှူဒါန်းမှုတွေဟာ တကယ့်ကို ကောင်းမွန်တဲ့ မင်္ဂလာတစ်ပါးပါပဲနော်...။ ပရိသတ်ကြီးကလည်း မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ်လေး သက်ထားသူဇာ လေးရဲ့စိတ်ထားလေးကို ဂုဏ်ပြုပေးလိုက်ပါဦး။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ "မျှဝေသောလက်များ ပျဉ်းမနား" ပရဟိတ အသင်းကို အလှူငွေ လှူဒါန်းနေတဲ့ သက်ထားသူဇာရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Thet Htar Thuzar

Source- Thet Htar Thuzar Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။