ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားကြောက်မက်ဖွယ် ကောင်းသောအဖြစ်အပျက်တွေထဲကမှ တစ်ခုဖြစ်တဲ့ သဘာဝလွန် "Mandy" ဆိုတဲ့ သရဲအရုပ်လေးအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit သံ ဇဉ် မိုးဇတ်

အဲ့ကြောက်မက်ဖွယ် ခြောက်ခြားစရာကောင်းသော "Mandy" ဆိုတဲ့ အရုပ်လေးအကြောင်းကို ပြောပြပေးသွားပါ့မယ်။ "Mandy"ဆိုတဲ့ မိန်းကလေးအရုပ်လေးတစ်ရုပ်ကို အမျိုးသမီးတစ်ဦးက ဝယ်လာခဲ့ပြီး အိမ်မှာ သူမနဲ့ အတူတူထားခဲ့တာပါ။ တစ်နေ့ ညသန်းခေါင်ယံ အချိန်မှာတော့ ကလေးငိုသံ တိုးတိုးလေးကိုကြားရတဲ့အခါ အဲ့ဒီကလေးငိုသံကို လိုက်ရှာခဲ့ပါတယ်။

photo credit သံ ဇဉ် မိုးဇတ်

နောက်တစ်နေ့ သန်းခေါင်းယံမှာလည်း ကလေးငိုသံကို ထပ်ပြီးကြားရပြန်ပါတယ်။ နောက်ဆုံးအရုပ်ကလေးရှိနေတဲ့ ပတ်ချာလည်ကို ရှာဖွေမိတဲ့အခါမှာတော့ အရုပ်ကလေးဆီက ထွက်လာတဲ့ ကလေးငိုသံ ဖြစ်နေတာကို ထူးဆန်းစွာ သိရှိခဲ့ရတာပါ။ အဲ့ဒါနဲ့ ထိုအရုပ်ကလေးကို အိမ်မှာ မထားရဲတော့ဘဲ Quesnal ပြတိုက်သို့သွားပို့ခဲ့ရတာ ဖြစ်ပါတယ်။ အရုပ်ကလေး ပြတိုက်ကို ရောက်တဲ့ ညမှာဘဲ ပြတိုက်ဝန်ထမ်းတွေဟာ "အရုပ်ကလေးရှိတဲ့ အခန်းက မီးများ အလိုလို ပိတ်လိုက်ပွင့်လိုက်၊ အရုပ်ကလေးရှိတဲ့ အခန်းထဲမှ ဘောလ်ပင်တွေ၊ စာအုပ်တွေ ပျောက်ဆုံးတာ၊ ရေခဲသေတ္တာထဲက အစားအသောက်တွေ ပျောက်ဆုံးတာ၊ အရုပ်မလေးကို ထားတဲ့ စားပွဲ အံဆွဲတွေ ဖွင့်ပိတ်ပြတာများကို ထူးဆန်းစွာ ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အဲ့လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့လာခဲ့ရတာကြောင့် ပြတိုက်ဝန်ထမ်းတွေဟာလည်း တစ်ခြား အရုပ်များနဲ့ ခပ်ဝေးဝေးမှာ မှန်အုပ်ဆောင်းလေးနဲ့ ထားခဲ့ရတော့တာ ဖြစ်ပါတယ်။ အရုပ်မလေးရဲ့ ထူးခြားချက်ကတော့ မျက်နှာမှာ ဒါဏ်ရာတွေရှိနေပြီး ကိုယ်ခန္ဓာက ညစ်ပတ်နေတာ ဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ် 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။