ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား အံ့မခန်း ဗိသုကာလက်ရာမြောက် အဆောက်အအုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Taj Mahal" တာ့ဂျ်မဟာ အဆောက်အအုံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ တာ့ဂျ်မဟာ ဟာ ဆွတ်ဆွတ်ဖြူနေတဲ့ ကျောက်သားများဖြင့် ပြုလုပ်ထားတဲ့ ကြီးမားသော အထိမ်းအမှတ်သင်္ချိုင်းဂူ တစ်ခုဖြစ်ပြီး ခရစ်နှစ် ၁၆၃၂ နှင့် ၁၆၅၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

မဂို ဘုရင်ရှားဂျဟန်က သူမြတ်နိုးသော ကွယ်လွန်သူ ဇနီးအတွက် အမှတ်တရ ဂူဗိမာန်ဆောက်ရန် အမိန့်ပေးခဲ့သဖြင့် တာ့ဂျ်မဟာ ပေါ်ပေါက်လာခဲ့တာပါ။ တာ့ဂျ်မဟာ ဟာ ယနေ့ထိတိုင်ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်တဲ့ ဗိသုကာလက်ရာများအနက် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အလွန် ကောင်းမွန်လှပသော ဂူဗိမာန်တစ်ခုလည်းဖြစ်သကဲ့သို့ မဂို တို့ရဲ့ အကောင်းဆုံး စံပြ ဗိသုကာ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ တာ့ဂျ်မဟာအား သဘာဝတရားတည်းဟူသော ပါးပြင်ပေါ်မှ မျက်ရည်စက်တစ်စက်လို့ တင်စားကြတာ ဖြစ်ပါတယ်။ တာ့ဂျ်မဟာဟာ အဆောက်အဦများပေါင်းစုထားတဲ့ နေရာတစ်ခုဖြစ်ပြီး အဖြူရောက်လိပ်ခုံးပုံ ကျောက်ဖြူ အဆောက်အအုံဘေးတွင် လှပသော အဆောက်အအုံများစွာ ခြံရံထားတာပါ။ ရောင်ပြန်ဟပ်နေတဲ့ ရေကန်၊အလှအပများ တန်ဆာဆင်ထားသော ဥယျာဉ်နှင့် ပန်းများပွင့်ဖူးနေသော အပင်များ၊ ခြုံနွယ်များကို တာ့ဂျ်မဟာ ဂူဗိမာန်ဘေးတွင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။