မိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့ ညီညီမောင်၊လင်းလင်းနဲ့ခင်စန်းဝင်းတို့သုံးယောက်ကတော့ မိတ်ကပ်လောကမှာ နာမည်ကြီးပြီးအောင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ညီညီမောင်ကို သုသုလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး ခင်စန်းဝင်းကိုလည်း မကြီးစန်းလို့ခေါ်ကြပါတယ်။သူတို့သုံးယောက်လုံးကတော့ အချင်းချင်းလည်းစည်းလုံးကြပြီး ချစ်ချစ်ခင်ခင်ရှိကြပါတယ်နော်။

Photo Credit:Lin Linn's Facebook Account
Photo Credit:Khin San Win's Facebook Account

မကြီးစန်း၊လင်းလင်း၊သုသုနဲ့မထက်တို့က ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတူတွဲရိုက်ထားပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။သူတို့တွေက မင်းသမီးအစစ်တွေမဟုတ်ပေ‌မယ့် သရုပ်ဆောင်တာကို ပီပြင်ပိုင်နိုင်အောင်ကြိုးစားကြပြီး ဇာတ်ရုပ်နဲ့ညီကြလို့ ပရိသတ်တွေအားပေးရကျိုးနပ်တဲ့သူတွေဖြစ်ပါတယ်နော်။သုသုတို့တွေက Tiktokလေးတွေကိုလည်း အခွီပုံစံလေးတွေနဲ့ အမြဲတမ်းလိုလိုဆော့ကစားနေကြတာဖြစ်ပါတယ်။

Photo Credit:Khin San Win's Facebook Account
Photo Credit:Lin Linn's Facebook Account

သုသုတို့ရဲ့ Tiktokလေးတွေကိုလည်း ပရိသတ်တွေကအားပေးကြည့်ရှု့ကြပြီး သူတို့ရဲ့ဟာသဉာဏ်ရွှင်မှုတွေနဲ့ ချစ်စရာကောင်းမှုတွေကို အရမ်းပဲချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ မကြီးစန်း၊လင်းလင်းနဲ့သုသုတို့သုံးယောက်က Quarantine(၁၄)ရက်နေနေရတဲ့သူတွေကို အကလေးတွေနဲ့သွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။သုသုကတော့"hotel 7 Mileမှာ ၁၄ရက် Quarantine နေကြရတဲ့သူများအားဖျော်ဖြေရေးဖြင့်သွားခဲ့ပါတယ် ။မကတက်ကတင်ကလေးကိုသည်းခံကြည့်ပေးလို့ကျေးဇူးအထူးပါ။"ဆိုပြီး ဗီဒီယိုဖိုင်လေးကိုမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

Photo Credit:Nyi Nyi Maung/Lin Linn&Khin San Win's Facebook Account

Video Credit:Nyi Nyi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။