DC ဇာတ်ကောင်တွေဖြစ်သည့် Batman, Superman, Flash, Wonder Woman, Bane, Black Adam တို့အပြင် အခြားDCဇာတ်ကောင်တွေပါဝင်သည့် Fighting Game ဖြစ်တဲ့ Injustice 2 ၏ Gameplay မှာ အရင် Injustice 1 Gods Among Us ကဲ့သို့ပင် Fighting Game ဖြစ်သော်လည်း Gear System ဟုခေါ်ဆိုသည့် တပ်ဆင်ဝတ်ဆင်ထားသည့် လက်နက်အဝတ်အစားတွေကို အရောင်တွေ လက်နက်တွေ ပြောင်းလဲနိုင်ကာ ပြောင်းထားသကဲ့သို့ တိုက်ခိုက်ပုံမှာပြောင်းလဲသွားမည့် System အသစ်ပါ ပါဝင်လာသည်။ 

Injustice 2 တွင် ကိုင်တွယ်ကစားနိုင်သည့် DC ဇာတ်ကောင် ၂၉ ကောင်အပြင် နောက်ထပ် DLC ဇာတ််ကောင်များပါဝင်လာပေမည်။ ယခုအခါ Wonder Woman ရုပ်ရှင်ကားကို ကမ္ဘာအနှံ့ပြသလျက်ရှိရာ Wonder Woman ရုပ်ရှင်ကားအထိမ်းအမှတ်အနေဖြင့် ရုပ်ရှင်ထဲတွင် Wonder Woman ဝတ်ဆင်သော ဝတ်စုံကို Injustice 2 Game ထဲတွင် Wonder Woman၏Gear System အဖြစ် ကစားသမားများ တပ်ဆင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

Injustice 2 ကို Mortal Kombat Game တွေဖန်တီးသည့် NetherRealm Studio က ဖန်တီးရေးဆွွဲကာ Warner Bros. Interactive Entertainment က PlayStation 4, Xbox One အပြင် Android နဲ့ iOS အတွက်ပါ ၂၀၁၇ မေလတွင် ထုတ်လုပ်ဖြန့်ချိခဲ့ပြီး Gameလောက ဝေဖန်သုံးသပ်သူတွေရဲ့ချီးကျူးမှုကို အထူးတလည်ရရှိထားသည်။

Source-Injustice 2 Official Website

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။