ပရိသတ်ကြီးရေ ရုပ်ရုင်သရုပ်ဆောင်နန္ဒာလှိုင်ကတော့ အကယ်ဒမီဆုတွေကိုလည်း ရရှိခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။အခုနောက်ပိုင်းမှာဆိုရင်တော့ နန္ဒာလှိုင်က အနုပညာအလုပ်တွေကိုမလုပ်ဆောင်တော့ဘဲ ချစ်ရတဲ့မိသားစုကိုသာဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ နန္ဒာလှိုင်ကို အရင်လိုပဲအားပေးချစ်ခင်နေကြဆဲပါနော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်က စီးပွားရေးမှာလည်းတော်တာကြောင့် သူမကိုယ်တိုင်တင်သွင်းလာတဲ့ MISSHA Cosmeticလေးကလည်း မြန်မာပြည်အနှံ့အပြားမှာဆိုင်ခွဲတွေများစွာဖွင့်လှစ်နိုင်သလို သူမတို့မိသားစုရဲ့ဒူးရင်းသီးတွေကိုလည်း ပရိသတ်တွေကအားပေးကြပါတယ်။နန္ဒာလှိုင်ကတော့ သမီးသုံးယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ကလည်း တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းကြပြီး သမီးငယ်လေးဇေမဒီလှိုင်ကတော့ အတတ်ဆုံး၊ချစ်စရာအကောင်းဆုံးလေးဖြစ်ပါတယ်။မဒီလေးက Tiktokလေးတွေကိုလည်း အိုက်တင်မျိုးစုံနဲ့ကစားတတ်ပြီး အခုဆိုရင်လည်း အမိုက်စားသီချင်းလေးနဲ့ လိုက်ဖက်ညီအောင် ကကွက်အလန်းတွေနဲ့ အားရပါးရကနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

Source&Photo Credit:Nandar Hlaing's Facebook Account

Video Credit:Zay Madi's Tiktok Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။