တေးဂီတလောကမှာ Rapသီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုရင်း ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရယူထားတဲ့ သူလေးကတော့ အဆိုတော်မလေး မိစန္ဒီပဲ ဖြစ်ပါတယ်။

သူမက အသံပါဝါကောင်းကောင်းနဲ့ စင်မြင့်ထက်မှာ ယုံကြည်မှုရှိစွာ သီဆိုတက်ပြီး ထွက်ရှိထားတဲ့ သီချင်းအတော်များများကလည်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာကြောင့် အောင်မြင်မှုများစွာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit - Mi Sandi's fb account
Photo credit - Mi Sandi's fb account

သီချင်းအသစ် အသစ် တွေကို သူမတူအောင် ဖန်တီးရေးသားတက်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေကလည်း ချီးကျူးမဆုံးဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုတော်မလေး မိစန္ဒီက လိုက်ဖက်လှပတဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်တက်တာကြောင့်လည်း ဖက်ရှင်မင်းသမီးလို့လဲ တင်စားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ 

Photo credit - Mi Sandi's fb account
Photo credit - Mi Sandi's fb account

မိစန္ဒီက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " မဖြစ်မနေမို့သာ အပြင်ထွက်ရတယ်

ဒီရက်ပိုင်း အပြင်ထွက်ရင် ကိုရိုနာ ကြောက်ရတာရယ် အရမ်းဝလာတယ်နော် လို့ ပြောတဲ့ လူတွေကိုကြောက်ရတာရယ် " ဆိုတဲ့စာသားလေးကို နောက်ပြောင်ရေးသားထားတာပဲ ဖြစ်ပါတယ်။ စာသားလေးနဲ့အတူ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ပေးထါးတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အဆိုတော်မလေးမိစန္ဒီရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ 

Photo credit - Mi Sandi's fb account
Photo credit - Mi Sandi's fb account

Source & Photo credit - Mi Sandi's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။