မိခင်ဖြစ်သူ ထိပ်တန်းမင်းသမီး ခိုင်သင်းကြည်နဲ့အတူ အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေသူကတော့ ကြော်ငြာသရုပ်ဆောင် စံထိပ်ထားဦးပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ ကျောင်းကိစ္စတွေတစ်ဖက်နဲ့ အချိန်ရရင် ရသလို အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ဦးပါ။ သူမဟာ ပညာရေးမှာလည်း ထူးချွန်တာကြောင့်လည်း မိဘနှစ်ပါးလုံးက ကြည်နူးပျော်ရွှင်နေရတာပါ။  

Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account

ဝေဖန်မှုတွေ ရှိနေသော်လည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ အနုပညာအလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိသေးဘဲ ကြော်ငြာလေးတွေပါ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မခိုင်လေးကိုသာမကဘဲ သူမရဲ့ သမီးလေးကိုပါ ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ ရှိသူတစ်ဦးပါ။

Photo Credit- San Htate Htar Oo’s Tik Tok Account
Photo Credit- San Htate Htar Oo’s Tik Tok Account
Photo Credit- San Htate Htar Oo’s Tik Tok Account

အခုမှာလည်း သူမရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခါးလေးကိုလှုပ်ပြီးကကွက်မျိုးစုံကိုမထပ်ရအောင် ကပြထားတဲ့ခိုင်သင်းကြည်ရဲ့ သမီးလေးစံထိပ်ထားဦးရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ အကဘက်မှာလည်း ပိုင်နိုင်သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ပရိသတ်တွေအတွက် ထိပ်ထိပ်လေးရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- San Htate Htar Oo’s Facebook Account and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။