ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေသမီးကတော့ ကြည်လက်ဝင်းပနေတဲ့ အသားရည်လေးတွေနဲ့ မြင်သူတိုင်းချစ်အားပိုစေတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုလေးတွေကြောင့် ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - ရွှေသမီး

တစ်နေ့ထပ်တစ်နေ့ပိုပြီးချစ်စရာကောင်းလာသလို အမြဲတမ်းပြုံးပျော်ရွှင်နေတဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး ရွှေသမီးလေးက အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း ချစ်အားပိုစေလောက်မယ့် အပြုံးလေးတွေနဲ့ ပရိသတ်တွေကိုရင်ခုန်အောင် ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit - ရွှေသမီး

ဒီပုံလေးတွေနဲ့လည်း အချစ်တော်လေး ရွှေသမီး က "အားလုံးကိုသတိရတယ် ကျန်းမာရေးဂရုစိုက်ပါနော် အိမ်မှာနေရင်းပုံလှလှလေးတွေရိုက်ပြီး ရူပဒါနပြုကြပါလက်ကိုမကြာခဏ စနစ်တကျဆေးဖို့လဲ ရွှေကအကြံပေးချင်ပါတယ်ရှင့် ချစ်တယ် " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ပရိသတ်ကြီးကလည်း တစ်မျိုးလေး ချစ်စရာကောင်းနေပြီး လှသွေးကြွယ်နေပြီး ပုံရိပ်လေးတွေကို သဘောကျ ကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - ရွှေသမီး

Photo Credit - ရွှေသမီး

Source- ရွှေသမီး Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။