အနုပညာအလုပ်တွေကိုသာမကဘဲ အလှုအတန်းတွေကိုလည်း တစ်တက်တစ်အား ကြိုးစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်များစွာ တိုင်အောင် လုပ်ကိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေအပြင် မိသားစုအလုပ်တာဝန်တွေကိုလည်း မလစ်ဟင်းရအောင် လုပ်ကိုင်နေသူ တစ်ယောက်ပါ။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

သူမရဲ့ မိသားစုဘဝလေးကို လူတိုင်းက အားကျနေကြတာလည်း ဖြစ်ပါတယ်။ သမီးလေးတွေနှစ်ယောက်ရဲ့ သိတတ်လိမ္မာမှုတွေကြောင့်လည်း စမိုင်းလ်တစ်ယောက် ပီတိ ဖြစ်နေရတာပါ။ လတ်တလောမှာတော့ မိသားစုနဲ့အတူ အိမ်ထဲမှာဘဲ လုံခြုံစွာနေထိုင်နေပြီး သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း မရိုးရအောင် တင်ဆက်ပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

အခုမှာလည်း စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " ကဲ ထူးအောင်ရေ အမကစပြီး challenge ခေါ်တယ်နော် #Handstandchallenge" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် နံရံကိုခြေထောက်နဲ့ထောက်ထားကာအင်္ကျိီဝတ်ပြတဲ့ အမိုက်စား Challenge ကို လုပ်ပြလိုက်တဲ့စမိုင်းလ်ရဲ့ Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Smile’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။