စမိုင်းလ်တို့မိသားစုလေးကတော့ လတ်တလောမှာဆိုရင် Covid19အတွက် အဘက်ဘက်ကနေ တတ်နိုင်သလောက်ကူညီပေးနေကြတဲ့ စေတနာရှင်မိသားစုလေးပဲဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုဝင်တွေအကုန်လုံးကလည်း အိမ်ထဲမှာပဲနေကြပြီး ပျော်ရွှင်မှုတွေကိုရှာဖွေကာ အေးအေးချမ်းချမ်းနေထိုင်နေကြပြီး ပရိသတ်တွေကိုလည်းအိမ်ထဲမှာမပျင်းရလေအောင် ဗီဒီယိုလေးတွေတင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စိတ်သဘောထားပြည့်ဝလွန်းတဲ့ စမိုင်းလ်ကို ပရိသတ်တွေကလည်းအရမ်းချစ်ခင်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့ သမီးလေးနှစ်ယောက်ကလည်း အိမ်မှာနေတဲ့မေမေ့ကို မုန့်တွေဖုတ်ကျွေးကြပြီး သားအမိတွေပျော်ပျော်ပါးပါးနဲ့ အချိန်တွေကို ကုန်ဆုံးနေကြတာပါနော်။စမိုင်းလ်ကလည်း မိသားစုအတွက်အချိန်ပေးပြီး အဖွားဖြစ်သူဒေါ်ခင်လေးဆွေကိုလည်း ပျော်အောင်ထားပေးနေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်ရဲ့သမီးလေးတွေက Tiktokလေးတွေကိုလည်း ကစားတတ်ပြီး သူတို့ရဲ့Tiktokဗီဒီယိုလေးတွေက အရမ်းကြည့်လို့ကောင်းပါတယ်နော်။အခုဆိုရင်လည်း ပေါ်ရှာနဲ့ကလိုဝီတို့ ညီအစ်မနှစ်ယောက်က အမိုက်စားကကွက်လေးတွေကို တက်ညီလက်ညီကကြပြီး သီချင်းလေးနဲ့အရမ်းလိုက်ဖက်ညီနေတဲ့ Tiktok ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Source&Photo Credit:စမိုင်းလ် Smile's Facebook page

Video Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။