မင်းသမီးချော အေးမြတ်သူကတော့ သရုပ်ဆောင်တော်သလို အနုပညာအရည်အချင်းအပြည့်ရှိသူလည်း ဖြစ်ပါတယ် ။ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အေးမြတ်သူက ဇာတ်ကားကောင်းမြောက်များစွာကို ဆက်လက်ရိုက်ကူးနေဆဲလည်း ဖြစ်ပါတယ် ။ အေးမြတ်သူအနေနဲ့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေတာကြောင့် ပရိသတ်တွေအားလုံးကလည်း သူမကိုချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ် ။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

အေးမြတ်သူက စိတ်သဘောထားကောင်းသလို ပရဟိတစိတ်ဓာတ်အပြည့်အဝရှိသူလို့လည်း ဆိုနိုင်ပါတယ်။ မကြာသေးခင်ကလည်း အေးမြတ်သူက "We Love Yangon" အဖွဲ့သားတွေနဲ့အတူ အလှူအတန်းတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဆန်အိတ်တွေကို ကိုယ်တိုင်ဝင်ထမ်းပြီး ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါလုပ်ကိုင်နေတဲ့ အေးမြတ်သူက တကယ့်ကိုလေးစားချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit- Aye Myat Thu's FB Page
Photo Credit- Aye Myat Thu's FB Page

မိတ်ကပ်ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကလည်း "ဒါလား မင်းသမီးဆိုတာ Myat Lay ML ပရဟိတစိတ် အမြဲရှိ လုပ်ဖော်ကိုင်ဖက်တွေအပေါ်သိတတ်တဲ့ သူမကို မိတ်ကပ်လိမ်းပေးခွင့်ရလို့ ကျေနပ်ပီတိ ဖြစ်ရပါတယ် "ဆိုပြီး အေးမြတ်သူကို ချီးကျူးစကားဆိုထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပရဟိတစိတ်အပြည့်ရှိတဲ့ အေးမြတ်သူရဲ့ပီတိဖြစ်ဖွယ်ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit- Nyi Nyi Maung's FB Acc & MyatLay's IG Acc

Photo Credit- Myat Lay's IG Acc
Photo Credit- Myat Lay's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။